Unicode
အလုပ်မှပြန်ရောက်ရောက်ချင်းပင် ကြားရသည့်သတင်းကြောင့် မောင့်မှာ နားချိန်ပင်မရှိဘဲ ညစာစားပွဲသွားရန်အတွက်အလျင်စလိုပြင်ဆင်ရသည်။အိမ်မှာရှိသည့် နုနဲ့ မြူနှင်းကတော့ မောင့်လို အလျင်စလိုမမြင်ရဘဲ အချိန်ယူပြီး ပြင်ဆင်ရသည်။မောင်ရေချိုးခန်းဝင်နေစဉ်မှာပင် နုက အားလုံးပြင်ဆင်းပြီးသွားလေသည်။ဒီဇိုင်နာဖြစ်တဲ့မောင့်အတွက်တော့ နုကသာပင်တိုင်ဒီဇိုင်နာဖြစ်ခဲ့လေသည်။မောင်သည် ကိုယ်တိုင်ဒီဇိုင်နာတစ်ယောက်ဖြစ်သော်လည်း ကိုယ့်အတွက်ဆိုရင် နုစီစဉ်ပေးတာကိုသာ ဝတ်ဆင်လေ့ရှိသည်။နုအတွက်ဆိုရင်တော့ မောင်ကသာ စီစဉ်ပေးသည်။တကယ့်ကို ချစ်တတ်ကြတဲ့အမျိုးသမီးတွေပါလေ။
"ညဘက်မို့ အရောင်လင်းစေမဲ့ပုံစံလေးထုတ်ပေးထားတယ်မောင်။အဆင်ပြေရဲ့လား"
"အန်တီစီစဉ်ပေးတာပဲဝတ်လာတာတောင်နှစ်ပေါင်းမနည်းတော့ဘူး။အဆင်မပြေတာမရှိပါဘူးဗျာ"
"ဟုတ်ပါပြီ။ဒါဆို ဒါလေးဝတ်လိုက်နော်"
"ဟုတ်ကဲ့ မောင့်အိမ်သူသဘောပါဗျာ"
မောင်သည် သေဘာတက်ျဖစ္ကာ အရှေ့မှာရှိတဲ့ နုပါးကလေးတွေကို ဆွဲညှစ်လေသည်။စက္ကန့်ပိုင်းအတွင်းဖြစ်သွားသည်မို့ နုမှာ အသာလေးငြိမ်နေရုံသာ။
"အို တို့ကိုကလေးများထင်နေသလားမောင်"
"မောင့်အတွက် ထာဝရကေလးပဲကို"
"ပေါက်တက်ကရတွေ။တို့က မောင့်ထက်အသက်ကြီးတယ်သိရဲ့လား"
"သိပါတယ်အန်တီရယ်။မောင်က ချစ်လွန်းလို့၊အသည်းယားလွန်းလို့ ကလေးလေးလို သဘောထားတာ။မောင့်ကလေးပဲလုပ်ပါ အချစ်ရယ် နော်"
"မောင်နော်"
"မလုပ္ဘူးလား"
"မလုပ်ပါဘူး။ကဲ အဝတ်လဲတော့။နောက်ကျလိမ့်မယ်။သမီးတောင်ပြင်ပြီးနေလောက်ပြီ မောင်ပဲကျန်တော့မှာ"
"မောင်ပြင်ဆင်တာမကြာပါဘူးမောင့်လေဒီရယ်။ခဏပဲစောင့်"
မောင့်မျက်နှာသည် အထွေအထူးပြင်စရာမလိုအောင်ပင် ကြည်ရှင်းနေသည်။မောင်ကိုယ်တိုင်ကလည်း အထွေအထူးမမြင်သည်မို့ ဆယ့်ငါးမိနစ်ထက်ပိုမကြာခဲ့ပေ။နုမှာတော့ သူ့ကလေးလေးကိုကြည့်ပြီး ချစ်လို့ပင်မဝဖြစ်နေလေသည်။
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Ongoing)