မကြွေသောနှင်းဆီ part 1

8.3K 69 2
                                    

မကြွေသောနှင်းဆီ....(part 1 )

"ကိုကိုရေ....ထတော့လေ 8နာရီထိုးနေပီ..အောက်မှာ
အမေတို့လဲ မနက်စာစားဖို့စောင့်နေကြတယ်.."

အိမ့်မှုးသခင် အိပ်ယာကမထသေးတဲ့ သူမရဲ့ အမျိုးသားဖြစ်တဲ့ ကိုကို့အား သူအလုပ်သွားဖို့အဝတ်စားထုတ်ပေးရင်းပင် မနက်အလုပ်ခင်း တေးငှက်သံလေးတွေနဲ့အတူ အသံချိုချိုလေးဖြင့်  နှိုးလိုက်သည်..

"အွန်းအွန်း....ထပီ..ထပီ..."

ဘုန်းမြတ်မင်း အသံချိုချိုလေးဖြင့် နှိုးနေတဲ့ မိန်းမလေးကြောင့် အိပ်ယာကထလိုက်ပီး ရေချိုးခန်းသို့ဝင်လာခဲ့လိုက်သည်..ရေချိုးခန်းထဲမှာ သူ့အတွက် သွားတိုက်တံကို သွားတိုက်ဆေးထည့်ပီးသားမို့..သူပြုံးမိသည် သူ့မိန်းမလေးက သိပ်ကို အလိုက်သိလွန်းသည်

သခင်ကိုကို ရေချိုးနေတုန်း ထမင်းစားခန်းသို့ဆင်းခဲ့လိုက်သည် ထမင်းစားစာပွဲမှာ ယောက္ခမနဲ့ယောက္ခထီးက သူမကိုစောင့်ကြိုနေသည် အဖေကတော့ ပြုံးပြပေမဲ့ အမေကတော့ ခပ်တည်တည်မျက်နှာထား ဖြင့်သာထိုင်နေသည်

"အမေနဲ့အဖေ သမီးဒီမနက် နန်းကြီးသုပ်လုပ်ထားတယ် ခနနော် နယ်ပေးမယ်.."

"အေးအေး သမီး.."

ယောက္ခထီးဖြစ်သူ ဉီးမိုးလွင်က ဖော်ဖော်ရွေရွေပြန်ပြောပေမဲ့ ယောက္မဖြစ်သူ ဒေါ်မေလှိုင်ကတော့
မြန်မြန်လုပ်ဆိုသည့်ပုံစံ ဖြင့်မေ့းငေါ့ပြသည်

သခင်လဲ အိမ်အကူကောင်မလေးနဲ့အတူ ပန်ကန်တွေထဲ နန်းကြီးဖက်တွေ အကုန်လိုက်ထည့်လိုက်ပီး
လိုတာထည့်ကာ ကြက်သားအနှစ်ထည့်ပီး နယ်ဖို့လုပ်တုန်း...

"ဟဲ့.....နင်ဘာလုပ်တာလဲ..."

"ရှင်..."

သခင် အသုပ်နယ်ဖို့လုပ်တုန်း အော်ခံလိုက်ရတာမို့
ဘာများလဲဆိုပီး ကြောင်သွားရသည်

"လက်အိတ်နဲ့နယ်လေ နင့်လက်ကြီးနဲ့နယ်တော့ငါဘယ်လိုစားရမလဲ..."

"ဟင် သမီးလက်သေချာဆေးထားပါတယ်အမေရဲ့.."

"အေးလေ မိန်းမကလဲ သမီးလက်ကဘာဖြစ်နေလို့လဲ"

မကြွေသောနှင်းဆီWhere stories live. Discover now