မကြွေသောနှင်းဆီ part 13

2.3K 75 1
                                    

မကြွေသောနှင်းဆီ part 13

"မောင်...သဲတို့လက်ထက်ရအောင်လေ အခုဆိုမောင်ကုမ္မဏီအတွက်ပူစရာမလိုဘူးမလား သခင်နဲ့သာဆက်ပေါင်းနေရင် သူ့အဖေက မောင်တို့မိသားစုကိုလွှမ်းမိုးနေတာကြီးကို မောင်ကြိုက်လို့လား"

"မသိတော့ဘူးကွာ...ဘာတွေလုပ်ရမလဲမသိတော့ဘူး.."

"ဘုန်းး..."

ဘုန်းမြတ် စိတ်တွေအရမ်းရှုပ်လွန်းတာမို့ ဆံပင်တွေကို ထိုးဖွကာ ဆိုဖာပေါ် ပစ်ထိုင်လိုက်သည်

"မောင်ရယ် အခုတော့နားလိုက်လိုက်ပါအုန်း
သဲရှိတာပဲ ဘာတွေစိတ်ရှုပ်နေမှာလဲ.."

သဲ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မောင့်ရင်ဘက်အား သူမရဲ့လက်ချောင်းသွယ်သွယ်များဖြင့် ပွတ်သက်ကာ ပြောလိုက်သည်

"ဒီည ဒီမှာပဲ အိပ်လိုက်နော်.."

"အင်းး."

ဘုန်းမြတ် အခုအိမ်ပြန်ရင်လဲ..သခင့်ကိုရင်မဆိုင်ရဲတာမို့ မနက်မှပဲ ပြန်ဖို့ဆုံးဖြတ်လိုက်သည် မနက်ကျ အဖြေတစ်ခုခုတော့ သူသေချာဆုံးဖြတ်နိုင်မှာပါ....

.......

"တီ...တီ.."

သခင် သူမ ငယ်စဉ်ထဲက ဖြတ်သန်းလာတဲ့ အိမ်
သူမကိုသိပ်ချစ်တဲ့ သူမ မိဘတွေရှိတဲ့အိမ်ကိုသူမ​ပြန်​ရောက်လာခဲ့ပီ လေ သူမခြံရှေ့ရောက်တော့ ကားဟွန်းသံကြောင့် ခြံစောင့်က တံခါး လာဖွင့်ပေး ပီး သးမအထဲသို့မောင်းလာခဲ့သည်..

"မိန်းမရေ ဒီအချိန်ကြီး ဘယ်သူလာတာလဲဟ
ထွက်ကြည့်ပါအုန်း..."

"ဟုတ်သားပဲ ကျွန်မသွားကြည့်အုန်းမယ်.."

ဉီးထည်ဝါ ဧည့်ခန့်ထဲ တီဗီ ကြည့်နေတုန်း ခြံထဲက ကားသံကြောင့်မိန်းမဖြစ်သူ ဒေါ်မြမြချို အား သွားကြည့်ခိုင်းလိုက်သည် အချိန်ကိုကြည့်တော့လဲ 11ခွဲနေပီလေ...

"ဟယ်..သမီးး"

ဒေါ်မြမြချို ကားပေါ်ကဆင်းလာတဲ့ သမီးဖြသ်သူကြောင့် အံဩသွားရသည် သမီးကအိမ်ခေါင်ကျပီးထဲက သူမတို့စီလာတာရှားသည်လေ အခုကျ ညအချိန်မတော်ကြီး တစ်ယောက်ထဲရောက်လာသည်

မကြွေသောနှင်းဆီWhere stories live. Discover now