Part 29

1.4K 69 2
                                    

မကြွေသောနှင်းဆီ part 29

သဲ မောင်တို့နောက် လိုက်ခဲ့ပီး ဆေးရုံရောက်တော့
ဒေါ်မေလှိုင် ကို အရေးပေါ်လူနာအဖြစ် ခွဲစိတ်ခန်းထဲသို့ခေါ်သွားကြသည်..မောင်နဲ့ ဉီးမိုးလွင် ကတော့ ခန်းရဲ့ ရှေ့က ခုံတန်းလေးမှာထိုင်နေကြပီး ဉီးမိုးလွင် က စိတ်ပူနေတဲ့ မျက်နှာဖြင့် ဖင်တကြွကြွဖြစ်နေပီး မောင့်မျက်နှာကတော့ တည်တင်းနေသည် သူမလဲ သူမကြောင့် ဒေါ်မေလှိုင်က အခုလိုဖြစ်တာမို့ စိတ်တိုနေဟန်တူသည့် မောင်အနားသို့ မသွားရဲပဲ ဒီဘက်ခြမ်းက ခုံလေးမှာသာထိုင်စောင့်နေလိုက်သည်

"လူနာရှင်က ဘယ်လဲဗျ.."

"ကျွန်တော်တို့ပါ...ကျွန်တော်လူနာရှင်ရဲ့ အမျိုးသားပါ.."

ဘုန်းမြတ် ဆရာဝန်ကြီးထွက်လာတာမို့ ဖေဖေကောသူပါထလိုက်တော့သည်..အမေတစ်ယောက်လုံးအခုလိုမျိုးအသဲအသန်ဖြစ်နေတာဆိုတော့ သူဘယ်လိုမှစိတ်မအေးနိုင်တာမို့ မျက်နှာမှာ စိုးရိမ်မှုကအတိုင်းသားပေါ်နေသည်

"ကျွန်တော်အမေ အခြေအနေဘယ်လိုလဲ ဒေါက်တာ.."

"စိတ်မကောင်းပါဘူးဗျာ....လူနာက သွေးစောင့်တက်ပီး....ဉီးနှောက်သွေကြော ပြတ်သွားတာကြောင့် ကျွန်တော်တို့ ဘယ်လိုမှ မကယ်လိုက်နိုင်ပါဘူး..."

"ဗျာ....."

"ကျွန်တော့်ကိုခွင့်ပြုပါအုန်း.."

ဆရာဝန်ကြီး ထွက်သွားပီးတဲ့နောက် ဉီးမိုးလွင် မိန်းမဖြစ်သူရဲ့ သေဆုံးမှုကြောင့် ဝမ်းနည်းစွာ ယောကျာ်းရင့်မာကြီး တန်မဲ့ ငိုကျွေးတော့သည်....
ဘုန်းမြတ် က​တော့ထိုနေရာမှာတင် အရုပ်ကြိုးပြတ်
ဖြစ်သွားရသည် ချက်ချင်း ဆိုသလို မေမေက မရှိတော့ဘူးတဲ့လား..ဘာတွေဖြစ်ကုန်တာလဲ...

"မောင်...မောင်..အဆင်ပြေရဲ့လားး"

သဲ သူမကြားလိုက်ရတဲ့ စကားကြောင့် အတော်လေးအံဩသွားရသည် ဒေါ်မေလှိုင် ဉီးနှောက်သွေး​ကြောပြတ်လို့ဆုံးပီတဲ့... သူမကြားကြားခြင်းပင် မောင့်အနားသို့ပြေးသွားပီး မောင့်ကိုမေးလိုက်သည်
မောင်က တော့ မျက်ရည်တွေသာ ကျနေပီး သူမကိုဘာမှပြန်မပြောခဲ့...

မကြွေသောနှင်းဆီWhere stories live. Discover now