part 30

1.6K 70 2
                                    

မကြွေသောနှင်းဆီ part 30

ဘုန်းမြတ် ကုမ္မဏီ ရှေ့ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ပင် သခင့်ကားလေးမောင်းထွက်သွားတာကိုသူတွေ့လိုက်ရသည် လျှပ်တစ်ပြတ် ကားပြတင်းပေါက်ကနေမြင်လိုက်ရတဲ့ အရိပ်လေးက အရင်နဲ့ကွာခြားစွာတည်ငြိမ်လို့နေသည်..သူလဲ သူမ မျက်နှာလေးတွေ့ချင်တာကြောင့် သူမကားနောက်ကနေ မသိမသာလိုက်လာခဲ့လိုက်သည်....

သူလိုက်ခဲ့ရင်း သခင့်ကားက စားသောက်ဆိုင်တစ်ခုထဲသို့ဝင်သွားတာကြောင့် သူလဲ ထိုနေရာရဲ့အနီးအနားမှာ ကားရပ်လိုက်ပီး..သခင်ဝင်သွားတဲ့.စားသောက်ဆိုင်ထဲသို့ မသိမသာလေးလိုက်ခဲ့လိုက်သည်...

"sorry ကိုဝဿန်....ကျွန်မ နည်းနည်းနောက်ကျသွားတယ်..."

"နောက်မကျပါဘူး သခင်ရဲ့ ကိုယ်ကစောနေတာပါ.."

"ဟုတ်ပါပီ...ကိုဝဿန်ကြိုက်တာမှာလေ...သခင်ရှင်းပါ့မယ်.."

"မဟုတ်တာ..ကိုယ်က ဖိတ်တာဆိုတော့ ကိုယ်ပဲရှင်းပါမယ်...သခင်မငြင်းရဘူးနော်...ကိုယ်က ငြင်းရင်ငိုမှာ.."

"အဟင်းးးဟုတ်ပါပီ...သခင်မငြင်းပါဘူး...ခလေးကျနေရော..."

သခင်..လူကြီးလူကောင်းလိုအမြဲနေထိုင်တဲ့ ဝဿန်က
အခုလို ရွှတ်နောက်နောက် ပြောတော့ သူမစိတ်ပါလက်ပါရယ်ချလိုက်မိပါသည်...

"သခင်..အခုလို...စိတ်ပါလက်ပါရယ်တာ ကျွန်နော်မတွေ့ဖူးဘူး...သိလား..."

ဝဿန် သူ့ရှေ့က သွားစွယ်လေးတွေပေါ်တဲ့ထိ ပြုံးနေတဲ့သခင့်ကို စူးစူးစိုက်စိုက်ကြည့်ရင်းပြောလိုက်သည်
ဒီနေ့ကျမှ သခင်က အနီရောင် ရှပ် လက်ရှည်လေးကိုခေါက်ကာ loung pant အနက်ရောင်အရှည်လေးထဲ ခါးထည့်ပီး ဝတ်ထားပုံစံလေးက သူ့မျက်လုံးထဲ အတော့်ကို
အဆင်ပြေလှသည် သူ့အနားမှာ သခင့်ထက်မိုက်တဲ့လှတဲ့ မိန်းကလေးတွေဝိုင်းနေပေမဲ့လဲ ဒီသာမာန်အပြင်အဆင်နဲ့ အကြည်ဓာတ်ရှိပီး တည်ငြိမ်လှတဲ့ ဒီမိန်းကလေးကိုမှ သူ့စိတ်ထဲတောင်းတနေမိပါသည်..

"အွန်း....ကဲ..စားစရာမှာကြမယ်လေ...."

သခင် သူမစိန်လွတ်လက်လွတ်ရယ်တာကို ရှေ့ကနေ မျက်တောင်မခက်ကြည့်ပီး ပြားရည်ချို ချိုသာတဲ့ လေသံဖြင့်ပြောနေတဲ့ ဝဿန်ကြောင့် အနေခက်သွားရတာမို့ သူမကိုယ်သူမပြန်ထိန်းကာ...စကားလမ်းကြောင်းလွှဲလိုက်ပီး ဝိတ်တာ ခေါ်ကာ စားစရာတွေမှာလိုက်သည်.. ...

မကြွေသောနှင်းဆီWhere stories live. Discover now