မကြွေသောနှင်းဆီ part 25

2.1K 66 2
                                    

မကြွေသောနှင်းဆီ part 25

"နင်..နင်...ကဲ..."

သဲ သူမကို ပညာသားပါပါစော်ကားနေတဲ့ သခင့်ကိုသည်းမခံနိုင်တော့ ရိုက်ဖို့ပြင်လိုက်ပေမဲ့ လေထဲမှာတင် သန်မာတဲ့လက်တစ်စုံရဲ့ တားစီးမှုကြောင့် ရပ်တန့်သွားရသည်...

"ကျွန်တော့် ရဲ့ ပွဲမှာ အခုလိုမျိုး စိတ်ရှိတိုင်းသောင်းကျန်းခွင့်မပြုပါဘူး..မိန်းကလေး.."

ဝဿန် ပွဲက အောင်အောင်မြင်မြင်ပီးသွားတာကြောင့်
သူမြန်မာပြည်လာတိုင်း နေနေကြ ကွန်ဒိုစီပြန်မည်အလုပ်မှ သူဖြတ်သွားတဲ့နားက မိန်းကလေးနှစ်ယောက်ရဲ့ တစ်ယောက်ကို တစ်ယောက် ချေပနေကြတဲ့ စကားလုံးများ.ကြောင့် သူအမှတ်မထင်ခိုးနားထောင်မိသွားရသည် ထိုမိန်းကလေးထဲက coat အနက်နဲ့ မိန်းကလေးက winကုမ္မဏီပိုင်ရှင်မိန်းကလေးပင် သူလဲအခြေအနေကို
ကြည့်နေရင်းကနေ ထိုမိန်းကလေး ရဲ့မှန်ကန်ပီး
ပညာသားပါတဲ့စကားလုံးတွေကို သဘောကျရုံရှိသေး
တဖက်မိန်းကလေးကရိုက်ဖို့ပြင်တာကြောင့် သူဝန်ထားလိုက်ရခြင်းပါ..

"ဟင်..ဉက္ကဌ.."

သဲ သူမကိုဝင်တားလိုက်တဲ့ လူက ဉက္ကဌဖြစ်နေတာကြောင့် ကြောင်သွားရသည်..ခဏကြာတော့မှ မျက်နှာတင်းတင်းနဲ့ ထိုလူက သူမလက်ကိုဖမ်းထားရာမှ လွှတ်ပေးတော့သည်

"ဒီက..မစ္စတာက မြန်မာဘာသာစကားကိုပြောတတ်တာလား.."

သခင် သူမကို သဲသက်ချိုက လက်ရွယ်လိုက်တာမို့
သူမလဲမခေသူပီပီ ပြန်တားဖို့ ပြင်ရုံရှိသေး
Star Ship ရဲ့ ဉက္ကဌဖြစ်သူက ဘယ်ကဘယ်လိုရောက်လာမှန်းမသိဝင်တားလိုက်တာကြောင့်ကော
ထိုလူကမြန်မာလိုပါပြောနေတာကြောင့်ပါ သူမမေးလိုက်မိသည်..

"ကိုယ်က မြန်မာ ဂျာမနီ ကပြားပါ
မြန်မာစကားကိုကောင်းကောင်းပြောတတ်ပါတယ်..
မြန်မာနာမည်က ဝဿန် ."

"သဲ...ဘာဖြစ်တာလဲ.."

ဘုန်းမြတ် သဲက ပစ္စည်းသွားယူတာကြာပီ ဖြစ်တာမို့
သူထင်သလို ပြဿနာ သွားရှာမည်ဆိုးတာကြောင့်
အနောက်ကလိုက်လာခြင်းပါ အခုလဲ သူထင်တဲ့အတိုင်းပင် သဲက တစ်ဖက်မှာ ရပ်နေပီး တဖက်က သခင်နဲ့ ဉက္ကဌဆိုတဲ့လူပင်...

မကြွေသောနှင်းဆီWhere stories live. Discover now