End

2.4K 75 1
                                    

မကြွေသောနှင်းဆီ part 32 ( ဇာတ်သိမ်းပိုင်း )

"တော်ပီ....ငါတို့ဇာတ်လမ်းဒီမှာတင်ရပ်ကြရအောင်..."

"တော်တော့မောင်....နင့်ပါးစပ်ကိုပိတ်ထားလိုက်.
...ငါလုံးဝမကွာရှင်းပေးနိုင်ဘူး....အဲ့ကောင်မလက်ထဲမောင့်ကိုလုံးဝပြန်မထည့်ပေးနိုင်ဘူး....အဲ့ကောင်မကငါ့ထက်ဘာတွေသာနေလို့လဲဟမ်...ပြောစမ်း...မောင်.."

သဲ သွေးရူးသွေးတန်းဖြင့် မျက်လုံးပြူးမျက်စံပြူးဖြင့်ပြောနေပီး...ညဘက်တွေ မောင်ထားသွားတော့မှာလား
သူမကိုပစ်သွားတော့မှာလား သခင့်စီပြန်သွားတော့မှာလားလို့တွေးပီး အိပ်မပျော်တာကြောင့် မျက်ကွင်းတွေညိုမဲနေပီး...လူက ကယောင်ချောက်ချားဖြစ်နေသည်..

"သာတာပေါ့....သခင်ကမင်းထက်ပိုတန်ဖိုးရှိတယ်..."

"ဘာ...!!"

"ငါအခုငါ့ကုမ္မဏီရဲ့ ရှယ်ယာတွေအကုန်ထုတ်ရောင်းလိုက်ပီ....ဒီအိမ်ကိုလဲ ရောင်းဖို့ ပွဲစားအပ်ထားတယ်..
မင်းဘာသာကွာပေးပေး မကွာပေးပေး...ငါကအဖေ့ကိုခေါ်ပီးနိုင်ငံခြားကိုအပီးသွားတော့မှာ...ငါတို့ သားဖ အေးအေးဆေးဆေးလုပ်ကိုင်စားသောက်ပီး ဘဝကိုဖြတ်သန်းတော့မှာ....အခုလဲ ငါဒီအိမ်မှာမနေတော့ဘူး
မင်းနေချင်ရင်နေခဲ့ပေါ့ ဝယ်သူလာရင်ဖယ်ပေးလိုက်..
ငါတော့လစ်ပီ..."

ဘုန်းမြတ် ဒီအစီအစဉ်က...မေမေဆုံးထဲကဖေဖေချခဲ့တဲအစီအစဉ်ပါ...သူ...သခင့်ကိုပြန်ကြိုးမယ်ဆိုပီး..
အကောင်အထည်အဖော်သေးတာ..အခုတော့ သခင့်ရင်ထဲမှာ သူမရှိတော့တာအသေချာသိလိုက်ရပီလေ..
မပိုင်ဆိုင်ရတော့မဲ့ ချစ်ရသူကို ဒီတိုင်းထိုင်ကြည့်ရမဲ့အစာ..သူမနှင့်ဝေးရာမှာနေသင့်တယ်မလား....
ဘုန်းမြတ် သူပြောသင့်တာတွေ....အကုန်ပြောပီး...
လှည့်ထွက်ဖို့အပြင်...သဲက သူ့လက်ကိုလှမ်းဆွဲလိုက်သည်...သူမရဲ့ လက်သည်း ရှည်ရှည်တွေကပါ သူ့လက်ကိုလာခြစ်မိသည်..

"မင်း..."

"မောင်မသွားရဘူး...မောင်အဲ့ကောင်မနဲ့သွားမှာမလား....မောင်ငါ့ကိုမထားခဲ့ရဘူး...အဲ့ကောင်မကိုငါရှုံးလိမ့်မယ်မောင်ရဲ့.....ငါမရှုံးချင်ဘူး...မောင်က...ငါ့အပိုင်...သဲအနားကနေထွက်မသွားပါနဲ့မောင်ရယ်...ဟီးးးး"

You've reached the end of published parts.

⏰ Last updated: Feb 15 ⏰

Add this story to your Library to get notified about new parts!

မကြွေသောနှင်းဆီWhere stories live. Discover now