မကြွေသောနှင်းဆီ part 12

2K 54 2
                                    

မကြွေသော နှင်းဆီ Part 12

သခင် ဘုန်းမြတ် အခန်းထဲကနေ သူမကိုကျောခိုင်းပီးထွက်သွားထဲက သူမနှလုံးသားက ကျိုးကြေ သွားခဲ့သည် မျက်ရည်လဲမကျတော့ ဘာခံစားချက်မှမရှိတော့ပဲ ရင်ထဲဟာသွားရသည် တစ်ပြိုင်နက်ထဲမှာပင် ကိုယ့်ဘက်မရှိတော့တဲ့သူကို ရင်ထဲကဆွဲထုတ်ပစ်လိုက်တော့သည် သူမဘဝမှာ ကိုယ့်အမနဲ့ဖောက်ပြန်တဲ့ယောကျာ်းတစ်ယောက်ကို ခွင့်လွှတ်တာပင် လွန်လွန်းလှပီ သူမကို ကျောခိုင်းကာ မရင်ငယ်စီထွက်သွားတဲ့ ယောကျာ်းကို ဘာကြောင့်မက်မောနေရအုန်းမာလဲ
မေတ္တာပေးရင်မေတ္တာပြန်ရမယ် ဉပေက္ခာပေးရင်တော့ ဉပေက္ခာပဲပေါ့.......

"တီ..."

သခင် သူမရပ်နေရင်းမှ ဖုန်းသို့စာဝင်လာသည်
သူမဖုန်းကိုကြည့်လိုက်တော့ ပို့သူက သဲသက်ချို

"နင်အခုတော့ဘာတတ်နိုင်သေးလဲ သခင်ရေ မောင်ကနင့်ကိုထားခဲ့ပီး ငါ့စီကိုလာနေပီ မောင်ကငါ့အပိုင်ပဲ
နင်မြတ်နိုးရတဲ့ အရာတွေကအမြဲငါ့အပိုင်ပဲဖြစ်လာရမယ်သခင်...."

"ဟွန့် "

သခင် စာကိုဖတ်ပီး နှခမ်းကမဲ့ပြုံး ပြုံးသွားရသည်

"နင်အရမ်းလိုချင်နေမှတော့ ငါကပေးရမှာပေါ့...
ဒါပေမဲ့ နင်ရသွားတာက ငါမြတ်နိုးတဲ့အရာမဟုတ်ဘူး
ငါရွံတဲ့အရာပဲ သဲသက်ချို.....ခွင့်လွှတ်ပေးဖို့စဉ်းစားမိတဲ့ ငါကိုယ်ငါပြန်တွေးကြည့်တာ အတော်ရူးတာပဲ"

"ဖောက်ပြန်တဲ့ယောကျာ်းကဖောက်ပြန်မှာပဲ
ဖာချယောကျာ်းကလဲဖာဆက်ချမှာပဲလေ
ဒါကိုရင်ဘက်ကြီးနဲ့ ရင်းပီး ဆက်ချစ်နေရအောင်
ထိ ငါအသိဉာဏ်မမဲ့ဘူး..."

သခင် သူမမေမေပေးထားတဲ့ သိုးမွှေးအိတ်လေးတစ်ခုနဲ့ သူမရဲ့ ဘဏ်ကဒ်ကိုယူကာ အိမ်အောက်သို့ဆင်းလာခဲ့လိုက်သည် အိမ်ပြန်ဖို​့ ဘာအဝတ်အစားမှ
မထည့်ချင်ပါ ဒီမိသားစု ဒီအိမ် ဒီအသိုင်းအဝိုင်းရဲ့ အငွေ့အသက်တွေကိုမလိုချင်တာကြောင့် ဘာပစ္စည်းကိုမှ ယူမသွားပေ..

"သမီး...ဘယ်လဲ.."

ဉီးမိုးလွင် မိန်းမဖြစ်သူဒေါ်မေလှိုင်နဲ့ ဧည့်ခန်းထဲ ထိုင်နေရင်း သခင် ကအိမ်ထဲကထွက်ဖို့ပြင်နေတာကြောင့်
လှမ်းမေးလိုက်သည် ဘေးနားက ဒေါ်မေလှိုင် ကလဲ ဘယ်သွားသွားပေါ့ ဆိုတဲ့ အကြည့်နဲ့ ကြည့်သည်
သခင် အိမ်ပေါက်ဝအနားရောက်မှာ ဉီးမိုးလွင်က သူမကိုအနောက်ပလှမ်းခေါ်ကာမေးသည်

မကြွေသောနှင်းဆီWhere stories live. Discover now