မကြွေသောနှင်းဆီ part 10

2.1K 50 1
                                    

မကြွေသောနှင်းဆီ part 10

"နငိ...နင်...ငါ့ကို ဘာပြောတာလဲ ကဲဟယ်...မိုက်ရိုင်းချင်အုန်း.....ဖြောင်းးးး"

သခင် ဒေါ်မေလှိုင် ရဲ့ရိုက်ချက်ကြောင့် ပါးတစ်ဖက်လုံးနာကျင်မှုကြောင့်ပူသွားရသည်..

"ရှင် ကျွန်မကိုရိုက်လိုက်တာလား...."

သခင် ဒေါ်မေလှိုင် မျက်နှာကိုတည့်တည့်ကြည့်ကာ ပြောလိုက်သည်

"အေး နင့်ကိုရိုက်ရုံတင်မဟုတ်ဘူး သတ်ပါသတ်ပစ်ခြင်တာ မလောက်လေးမလောက်စားက ငါ့ကိုလာစော်ကားနေတာ..."

"ကန်တော့ပါ....ဖြောင်းးးးးး"

သခင် လက်အုပ်ချီကာ ကန်တော့ပါ လို့ပြောလိုက်ပီးတာနဲ့ တစ်ပြိုင်နက် ဒေါ်မေလှိုင် ရဲ့ပါးပေါ် သူမလက်ဖဝါးရောက်သွားသည်

ဒေါ်မေလှိုင် ပြန်အရိုက်ခံလိုက်ရတာကြောင့် ကြောင်အ သွားရသည် တစ်ချိန်လုံး သူ့ကိုရိုရိုသေသေဆက်ဆံပီး
သူဘာလုပ်လုပ် ဘာပြောပြော သီးခံခဲ့တဲ့ သခင်က အခု လိုလုပ်ရက်ကြောင့်အတော်လးအံဩသွားရပါသည်

"ကောင်မ...နင်ကများငါ့ကို...."

"တော်ကြစမ်း......"

ဉီးမိုးလွင် စာဖတ်ခန်းထဲ စာဖတ်နေတုန်း အပေါ်က ဆူဆူညံညံကြောင့် အပေါ်သို့ပြေးတက်လာခဲ့သည်အခန်းထဲရောက်တော့ သူတွေ့လိုက်ရတာက သူ့မိန်မဖြစ်သူက သခင့်ကို ပြေးလုပ်တော့မှာပင်

ဒေါ်မေလှိုင် သခင့်စီးသို့ပြေးလုပ်ဖို့ ပြင်တုန်း ဉီးမိုးလွင်ရဲ့ ကြားဝင်တားစီးမှုကြောက့် ထိုနေရာမှာတင်ရပ်သွားရသည် သခင်ကတော့ ခပ်တည်တည်ပင် မတုန်မလှုပ်ရပ်ကြည့်နေလိုက်သည်

"ရှင််ဖယ်စမ်း....ဒီကောင်မကျွန်မကိုပါးရိူက်တာ...သတ်မယ် အဲ့ကောင်မကို ရှင်ဖယ်..."

ဒေါ်မေလှိုင် ဉီးမိုးလွင် ရဲ့ ချုပ်နှောင်မှုကနေအတင်းရူန်းပေမဲ့ အရာမထင်ပါ ပါးစပ်ကသာ အောက်လုံးများစွားဖြင့် သခင့်ကိုဆဲဆိုနေတော့သည်

"သမီး...ဘယ်လို ဖြစ်ရတာလဲ...."

သခင်ဉီးမိုးလွင်အမေးကိုမဖြေမိပါ သူမ ဒေါ်မေလှိုင် ရဲ့မျက်နှာကိုတည့်တည့်ကြည့်ပီး

မကြွေသောနှင်းဆီWhere stories live. Discover now