မကြွေသောနှင်းဆီ part 20

1.7K 52 0
                                    

မကြွေသောနှင်းဆီ part 20

"ခလွှမ်း...အားးးးးကျက်သရေတုန်းလိုက်တာ..."

သဲသက်ချို အိမ်ပြန်ရောက်ရောက်ချင်းပင် အခန်းထဲက မဖြုတ်ရသေးတဲ့ မောင်နဲ့ သခင်ရဲ့ မဂ်လာဓာတ်ပုံကို လက်ထဲကဖုန်းနဲ့ကောက်ပေါက်ကာ ခွဲပစ်လိုက်သည် ပုံထဲမှာကျ သခင်က မဂ်လာဝတ်စုံလေးနဲ့ ကျက်သရေရှိအောင်လှပနေပီး သူမရဲ့ သူမ မဂ်လာဝတ်စုံက သူမ ကိုယ်တိုင်ရွှေးခဲ့ပေမဲ့ မွဲခြောက်နေသည်
သူမကသခင့်ထက်အများကြီးလှသည် ဒါပေမဲ့ သခင်နဲ့ယှဉ်ရင် ဘာလို့အရောင်မထွက်တာလဲ စဉ်းစားမရပေ..

"စိတ်ထိန်းပါသဲရာ...မဂ်လာရက်ကြီးမှာ အမဂ်လာဖြစ်အောင်မလုပ်ပါနဲ့.."

"စိတ်ထိန်းလို့မရဘူး...အဲ့တရားရုံးလူတွေ သဲကိုပြောတာကြားလား မယားငယ် မယားငယ်နဲ့ ဟိုကောင်မကလဲ စကားလုံးတွေနဲ့ ခနဲ့သွားသေးတယ် အဲ့တာကိုသဲက ဒေါသမထွက်ပဲ ပြုံးနေရမှာလား.."

"ဒါကမောင်တို့ရွှေးချယ်တဲ့လမ်းပဲလေ သဲကိုမောင်မပြောဘူးလား ချက်ချင်းလက်ထက်ရင် လူပြောစရာဖြစ်မယ်လို့..အခုသဲလုပ်ချင်တာလုပ်ပီးပီမလား
အဲ့ပြောတဲ့ဒဏ်တွေကိုခံရမှာပဲ ပေါက်ကွဲနေလို့မှမရတာ..မောင့်ကို အရမ်းစိတ်ညစ်အောက်မလုပ်ပါနဲ့.."

"အင်းပါ သဲလဲ ဒေါသအရမ်းထွက်နေလို့ပါ အခုဘာမှ မဖြစ်တော့ဘူး မောင်လဲနားအုန်း ပျော်ပျော်ပဲနေကြမယ် ဘာပဲဖစ်ဖစ် မောင့်ကိုပိုင်နေရထဲက သဲကနိုင်နေပီပဲဟာ..ဘာမှလိုက်ခံစားမနေတော့ဘူး အခု
သဲရေချိုးအုန်းမယ် မောင်သဲအတွက် အဝတ်အစားဘေး လက်စနဲ့ ထုတ်ပေးထားအုန်း.."

သဲ စိတ်အရမ်းညစ်နေပုံရတဲ့မောင့်ကြောင့် သူမစိတ်ကိုလျှော့ချပေးလိုက်သည် မောင်ပြောတာလဲ မှန်တာပဲလေ ကိုယ်ရွှေးတဲ့လမ်းပဲ အဆုံးထိလျှောက်ရမာပေါ့..

"ဟင်းး"

ဘုန်းမြတ် ရေချိုးခန်းထဲဝင်သွားတဲ့ သဲကိုကြည့်ရင်း လေပူတွေမှုတ်ထုတ်လိုက်သည် သဲက သူ့ကို အမြဲဗိုလ်ကျသည် သူကပဲ သဲရဲ့ ​ဝေယျဝစ္စအားလုံးလိုက်လုပ်ပေးရတာ သဲကတော့ သူ့ကို ဘာမှမလုပ်ပေးဖူးပါ
ဟိုဟာလေးခိုင်းလိုက် ဒီဟာလေးခိုင်းလိုက်နဲ့ပင်.
အခုလဲ သဲထုတ်ခိုင်းတာထုတ်ပေးဖို့သာပြင်လိုက်​တော့သည်...

မကြွေသောနှင်းဆီWhere stories live. Discover now