မ​ကြွေသောနှင်းဆီ part 23

1.8K 67 1
                                    

မကြွေသောနှင်းဆီ part 23

ဘုန်းမြတ် အိမ်ကနေကားမောင်းပီးထွက်လာရင်း
သူ့ဘဝသူတွေးမိသည် အရင်က ဉီးထည်ဝါရဲ့လက်အောက်သာနေရတာ အခုလောက်ထိ မကျပ်တည်း သူ့သမီးကိုသူတို့စီမသွားခိုင်းတာကြောင့်သာ သူ့ကိုစကားပြောရင်မာကျောနေတာ ငွေလိုငွေ
အခု ဉီးထည်ဝါရဲ့လောင်းရိပ်အောက်မနေချင်တာရော
ရမ္မက်စိတ် စွဲလမ်းစိတ်ကြောင့်ပါရွေးချယ်လိုက်မိတဲ့မိန်းမက သူကော သူ့မိသားစုအပေါ်မှာပါ အနိုင်ယူလွန်းသည်

နားလည်မှု အလိုက်သိမှုဆိုတာလဲ သူမ မှာလုံးဝမရှိ
သူ့ကုမ္မဏီ ကြောင့် လည်ပတ်နေရတယ်ဆိုတဲ့စကားကိုမချပဲ ချယ်လှယ်ချင်တိုင်းချယ်လှယ်နေတာ..
အခုချိန်မှာ သခင့်ကိုသတိရမိပါသည် အခုအချိန်မှာသာ သူမနဲ့ဆို.....

"ဟူးးး"

ဘုန်းမြတ် လေပူတွေကိုမှုတ်ထုတ်လိုက်သည်
သခင်သတင်းကိုနောက်ဆုံးကြားတာက
win ကို လွှဲပေးတဲ့အကြောင်း postတက်လာတာနောက်ဆုံးပင် အဲ့တာပီးတဲ့နောက် ဘာသတင်းမှမကြားသလို လူကိုလဲမတွေ့တော့ winကလဲ ဘာဘရမ်းအသစ်မှ ထပ်မထုတ်တော့တာ​ကြောင့်
သူမ ဘာတွေဖြစ်နေပီလဲလို့ သူအမြဲတွေးမိသည်..

သူထင်ထားခဲ့တာက သဲစီမှာအဆင်မပြေလဲ သူ့ကိုသိပ်ချစ်တဲ့ သခင့်စီ ပြန်သွားလို့ရမယ်လို့ သခင်ပြောသွားခဲ့တဲ့စကားတွေကိုသွေးပူလို့ပြောသွားတယ်ပဲထင်ခဲ့တာ..
အခုကျ သူမလေး ရဲ့အရိပ်အယောင်တောက်မမြင်ရတော့ဘူး အခုလို စိတ်တွေအဆင်မပြေဖြစ်တိုင်း
ဝမ်းနည်းတိုင် ရင်ခွင်နွေးနွေးလေးနဲ့ လက်သေးသေးလေးတွေကို သူသိပ်လွမ်းမိတယ်..

"အဆင်မပြေဘူး ခလေးရယ်...ဘာမှကိုအဆင်မပြေဘူး ကိုယ် လမ်းမှားကိုလျှောက်ခဲ့မိတယ် ဒီမိန်းကလေးအပေါ်မှာ အများကြီးရက်စက်ခဲ့မိတယ် မင်းလေး အဆင်ပြေပြေရှိရဲ့လား..."

အတွေးတွေကြောင့် ကားမောင်းရင်းခေါင်းမကြည်
ဖြစ်လာသဖြင့် ဆန်တာ တစ်ခု၌ ကားရပ်ပီးခေါင်းကြည်စေမဲ့ အအေးတစ်ခုခုဝယ်ရင်အထဲဝင်လာလိုက်သည်..

သူဒီလိုနေရာတွေလာပီး စျေးဝယ်မထွက်တာ အတော့်ကိုကြာပါပီ လိုချင်တဲ့ အအေးဝယ်ပီးတာနဲ့ အိမ်ကစျေးဝယ်မထွက်တာကြာပီဖြစ်တဲ့ မေမေ့အတွက် တစ်ခုခုဝယ်ရင် သူပတ်ကြည့်ရင်ဆုံးဖြတ်လိုက်သည်..

မကြွေသောနှင်းဆီWhere stories live. Discover now