မကြွေသောနှင်းဆီ part 4

1.8K 32 0
                                    

"အက်တာတွေ မသိချင်ဘူး မောင့်အနားမှာ ဘယ်မိန်းမမှရှိနေတာမလိုချင်ဘူး သခင်တောင် မဖြစ်မနေမို့"

သဲ မောင့်အနားမှာ ဘယ်မိန်းမကိုမှမရှိစေချင်ပါ
အစကတော့ သခင့်ကိုမုန်းတဲ့စိတ်နဲ့ မောင်နဲ့ပတ်သက်ခဲ့မိပေမဲ့ အခုတော့ မောင့်ရဲ့အထိအတွေ့ အယုအယတွေကြားမှာ သူမနစ်မွန်းခဲ့ပီလေ...

"သဲရယ် မောင်နောက်မဖြစ်စေရဘူးနော် ဒီနေ့တော့စိတ်မဆိုးပါနဲ့အုန်းကွာ လူတွေကွက်ကြည့်ကွက်ကြည့်
ကြည့်နေကြပီ သခင်တို့နားသွားရအောင်နော်"

"အင်း.."

သဲ လဲ အခုချိန်မှာ သောင်းကျန်းလို့မဖြစ်တာကြောင့် မောင်ပြောသလိုသာ ခေါင်းငြိမ့်လိုက်သည်..

....

"မမ...လာလေ နင့်ကိုစောင့်နေတာ...."

သခင် ကိုကိုနဲ့မလှမ်းမကန်းက လျှောက်လာတဲ့ မမကိုတွေ့တာကြောင့် အပြုံးချိုချိုဖြင့် လှမ်းခေါ်လိုက်သည်

"ငါ့ညီမလဲနော် အမကို အခုထိ နင်တွေငါတွေပြောတုန်း"

"မမရယ် ငါက ငယ်ငယ်ထဲက ဒီလိုပဲပြောလာတော့ အကျင့်ပါနေလို့ပါ.."

"အေးပါ...အေးပါ"

"သမီးလေးကလှလိုက်တာနော် စီးပွားရေးမှာလဲတော်သေးတယ် အန်တီက အက်လိုထက်မြတ်တဲ့မိန်းကလေးတွေဆို အရမ်းသဘောကျတာ.."

"အက်လောက်လဲမဟုတ်ပါဘူး အန်တီရဲ့ ဟီးး"

သခင် ယောက္ခမဖြစ်သူရဲ့ ပြုံးရွှင်နေသည့် မျက်နှာကိုကြည့်မိပါသည် သူမနဲ့ကျရင်တော့အမြဲတင်းမာနေတဲ့မျက်နှာက သူမရဲ့အမနဲ့ကျ ပြုံးရွှင်လို့..

"အန်တီ ကမဟုတ်ပဲပြောပါ့မလား သမီးရဲ့ သမီးက ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္မဏီ တစ်ခုကိုဉီးစီးနေတာလေ
သခင်နဲ့ညီအမသာပြောတယ် အရည်အချင်းကတကယ်ကွာတယ်...သူကအိမ်မှာပဲ."

"အမေ.."

"မေလှိုင်.."

သခင့်မိဘတွေရှေ့မှာ စကားလွန်သွားတဲ့ ဒေါ်မေလှိုင်ကြောင့် ဉီးမိုးလွင်ကော ဘုန်းမြတ်ပါ တစ်ပြိုင်ထဲ
အံကြိတ်ကာ လှမ်းခေါ်လိုက်သည်

မကြွေသောနှင်းဆီWhere stories live. Discover now