မကြွေသောနှင်းဆီ part 19

2.2K 58 0
                                    

မကြွေသောနှင်းဆီ Part 19

"ဒီမှာ သဲသက်ချို ငါဒီကိုလာတာက ဉီးဝင်းမြင့်စီလာတာ ဉီးဝင်းမြင့်ကိုတော့နင်သိမှာပါ..ထင်ရာတွေ စွတ်ပြောမနေနဲ့ အခုကpublicကြီးမှာ နင်လင်ဒရူးတာတစ်လောကလုံးသိကုန်မယ်.."

သခင် သူမ ရှေ့မှာ တစ်ယောက်နဲ့တစ်ယောက်အော်ငေါက်နေတာကိုကြည့်ရင်း ကျေနပ်မိသလိုပင်
သူမနဲ့တုန်းက ရှင်ဘုရင်လိုထားခဲ့သမျှ အခုတော့ လူကြားထဲတောင်မရှောင် အော်ဟစ်ခံနေရတာမြင်တော့
သူမ ကျေနပ်မိသည် သူမအစထဲကတွေးထားပီးသားလေ သူမ ဒဏ်ခတ်စရာမလိုပဲ လောကကြီးက သူတို့ကိုဒဏ်ခတ်မယ် ဆိုတာကို...

"နင်က ဘာကိစ္စ ဉီးဝင်းမြင့် စီလာရတာခဲ့ ပြောစမ်းငါ့ကို.."

သဲ သခင့်ရဲ့စကားတွေကြောင့်ဒေါသထွက်ရတစ်မျိုး
ဉီးဝင်းမြင့် စီ လာတဲ့အကြောင်းအရင်းကိုသိချင်စိတ်ကပိုနေတာမို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်

"နင်နဲ့ ဘာဆိုင်လို့လဲ ငါတို့မိသားစုနဲ့ နင်နဲ့က ဘာပတ်သက်မှုမှ မရှိတော့တာမို့ ငါတို့ကိစ္စတွေမသိချင်စမ်းနဲ့...အခုငါ့ရှေ့ကဖယ် နင်နဲ့စကားယှဉ်ရတာနဲ့တင်ငါ့သိက္ခာကျလှပီ ကိုယ့်အဆင့်ကိုယ်သိစမ်းပါ
သူများလင်လဲလုထားပီး လူလယ်ခေါင်မှာ မဏ္ဍန်တိုင်တက်ပြနေတဲ့ နင့်အစားငါရှက်တယ်သိလား ဖယ်..ငါရှေ့က.."

"တောက်...စ်..နင်...နင်...."

သခင်သူမအနားသို့ ဒေါသတကြီး ကပ်လာတဲ့ သဲသက်ချိုကို အမူအရာမပျက် အေးဆေးစွာပင်ကြည့်နေလိုက်သည် ဘာလို့ဆို သဲသက်ချိုက သူ့အရှက်သူပြန်ခွဲတော့မှာမို့လို့လေ..

သဲသက်ချို ဒေါသက ထိန်းမရတော့တာမို့ သခင့်အနားသို့ကပ်သွားရန်ပြင်လိုက် စဉ်မှာ မောင်က သူမလက်ကိုအားနဲ့လှမ်းဆွဲလိုက်သည် သူမလှည်ကြည့်လိုက်တော့ မောင်က ဒေါသမျက်ဝန်းများဖြင့် ဘေးပတ်ဝန်းကျင်ကို မျက်လုံးဝေ့ပြတော့မှ သူမကြည့်မိသည် သူမတို့အခြေအနေကို အကဲခက်နေကြတဲ့သူတွေက နည်းမှမနည်းပဲလေ..တချို့တီးတိုးပြောသံတွေကို သူမကော မောင်ပါ ကြား​ေနရသည် လူငယ်တစ်ချို့ကော စီးပွားရေးအသိုင်းအဝိုင်းက လူကြီးတစ်ချို့ပါ သူမကိုကြည့်ကာပြောဆိုနေကြသည်

မကြွေသောနှင်းဆီWhere stories live. Discover now