Part 28

1.4K 70 0
                                    

မကြွေသောနှင်းဆီ part 28

"ရပီ..မောင်းထုတ်လိုက်တော့.."

ဝဿန် သူ့ရှေ့မှာ မိန်းကလေးတစ်ယောက်ကို မိန်းမချင်းမစာနာပဲ စကားလုံးကြမ်းများဖြင့်စော်ကားနေတဲ့
သဲသက်ချို ကို မာန်ပါပါဖြင့် အသိတရားရအောင်ပြောလိုက်ပီး ဆွဲထုတ်ခိုင်းလိုက်သည်..

"တောက်..စ်...ဖယ်..ငါဘာသာသွားမယ်..."

သဲ ယောကျာ်းတစ်ယောက်စီကနေ အခုလိုမျိုးပြောခံရတာကြောင့် သူမအတော်လေးရှက်သွားရသည်
ဒါ့ကြောင့် ရှက်ရမ်းရမ်းက သခင့်ကို မကျေနပ်သော
မျက်ဝန်းများဖြင်တစ်ချက်ကြည့်ကာ သူမဘာသာ
ကုမ္မဏီ က ထွက်လာခဲ့တော့သည်..

"အခုလို ကျွန်မဘက်ကနေ ရပ်တည်ပီးပြောပေးတာကိုကျေးဇူးတင်ပါတယ်..ဒါပေမဲ့နောက်ဆို ကျွန်မ ပြဿနာတွေထဲဝင်မပါပါနဲ့...ကျွန်မကို​ကာကွယ်ပေးစရာမလိုဘူး ကျွန်မ ကိုယ်ကျွန်မကာကွယ်နိုင်တာမို့.."

သခင် သူမကိုအထင်မသေးတဲ့အပြင် သူမဘက်က
နေ သဲသက်ချို ကိုကူပြောပေးတဲ့ ဝဿန်ကို ကျေးဇူးတင်မိပေမဲ့ သူမကို ဘယ်သူမှကာကွယ်ပေးတာမျိုး သူမမလိုချင်ပါ

"အာ...ဟုတ်ပါပီ ဗျာ..သခင့် သဘောပါ.."

ဝဿန် သူ့ကို ခပ်တည်တည်မျက်နှာထား ဖြင့်ပြောနေတဲ့ သခင့်ကို စိတ်မဆိုးတဲ့အပြင် အသဲယားမိပါသည်..
"ဘယ်လို မိန်းကလေးလဲ ကွာ....." လို့ တိတ်တခိုးရေရွတ်မိသည်..

"အွန်း ကိုဝဿန်ပြန်ချင်ရင်ပြန်လို့ရပါပီ."

သခင် သူမကိုပြုံးပီးကြည့်နေတဲ့ ထိုလူကြောင့် စိတ်ရှုပ်ရတာမို့ မြန်မြန်ပြန်စေချင်သည်..

"အဟင်းးးဒါဆို ကိုယ်ပြန်တော့မယ်နော်...."

ဝဿန် သူ့အား အတင်းနှင်လွှတ်နေတဲ့ သူမလေးကို
ပြုံးပီးကြည့်ကာ သူ့လက်ထောက်နဲ့အတူ ပြန်လာခဲ့လိုက်တော့သည်...

"ဟင်းးးးစိတ်ရှုပ်စရာတွေ...."

သခင် ထွက်သွားတဲ့ ဝဿန်ကိုကြည့်ကာ ပြောလိုက်ပီး
သူမလုပ်စရာရှိတာသာပြန်လုပ်နေလိုက်တော့သည်..

......

"အမေ...မောင်ရော..."

သဲ သခင့်ကုမ္မဏီက ပြန်လာပီး အိမ်ပြန်ရောက်တော့မောင့်ကိုမတွေ့တာမို့ ဉီးမိုးလွင် နဲ့အတူ ဆိုဖာပေါ်ထိုင်နေတဲ့ ဒေါ်မေလှိုင် ကိုမေးလိုက်သည်
ဒေါသထွက်ပီးပြန်လာတာမို့သူမ လေသံကမာနေသည်

မကြွေသောနှင်းဆီWhere stories live. Discover now