မကြွေသောနှင်းဆီ part 3

1.9K 32 0
                                    

"ကို့အမျိုးသမီးလေးက လှလိုက်တာကွာ..."

ဘုန်းမြတ်သူ့ရှေ့က သခွားရောင် dressအရှည်လေးနဲ့ နုနုရွှရွှလေးလှနေတဲ့ သခင့်အားကြည့်ကာပြောလိုက်သည်

"ကိုကို လဲ မိုက်ပါ့နော် တကယ့်daddy type ဟီးး"

သခင်လဲ အနောက်တိုင်းဝတ်စုံအနက်ဖြင့် စမတ်ကျနေသော ကိုကို့ အားပြန်ပြောလိုက်သည်

"perfect couple ပေါ့ဗျာ..."

"ဒါနဲ့ အမေတို့အောက်ဆင်းသွားပီလား.."

"အွန်း အောက်မှာ ဧည့်သည်တွေနဲ့စကားပြောနေတယ်လေသခင် ပြင်တာမပီးသေးလို့ ကိုကိုက လာစောင့်နေတာ.."

"သခင်က ပီးပါပီ ကိုကိုရဲ့ "

"အာ့ဆို ခြံထဲဆင်းကြမယ်လေ..."

"ဟုတ်"

သခင် ကိုကို့ လက်ကိုချိတ်ကာ ခြံထဲသို့ဆင်းလာခဲ့သည် ဒီနေ့ကသူမတို့ အိမ်ထောင်သက်တမ်း7နှစ်ပြည့်အထိမ်းအမှတ်လေ..

......

"မင်းကလဲ ပျောက်လိုက်တာကွာ..မိန်းမရပီးထဲက ငါတို့စီတောင်သိပ်မလာတော့ဘူး. တည်ငြိမ်သူကြီးလုပ်နေတယ်ပေါ့."

ဘုန်းမြတ်သူငယ်ချင်းဖြစ်သူ​ကျော်စွာတို့ဝိုင်းအနားသို့ သခင့်လက် ကိုဆွဲကာ သွားတော့ ဝိုင်းနားရောက်ရောက်ချင်းပင် ကျော်စွာကပြောလိုက်သည်

"မဟုတ်ပါဘူးကွာ...ငါလဲ ကုမ္မဏီ ကအသစ်ဆိုတော့
နားချိန်တောင်မရှိဘူးကွ .."

"အေးပါကွာ...ဟုတ်ပါပီ အားရင်လာခဲ့အုန်း"

"အေးအေး မင်းတို့ စားကြလေ သောက်ချင်လဲရတယ် ဟိုဘက်မှာရှိတယ် အေးဆေးမှပြန် ငါမြတ်နိုးတို့စီသွားလိုက်အုန်းမယ်"

ဘုန်းမြတ် သူကျောင်းတုန်းကသူငယ်ချင်းအနည်းအကျဉ်းကိုဖိတ်ထားတာမို့ ကျောင်းတုန်းက မိန်းကလေးသူငယ်ချင်းတွေဖြစ်တဲ့ မြတ်နိုးတို့ဝိုင်းစီသွားဖို့ပြင်လိုက်သည်

"သခင် ကို ကျောင်းတုန်းက မိန်းကလေးသူငယ်ချင်းတွေဝိုင်းဘက် သွားချင်လို့ အက်တာ..."

"အွန်း သွားလေ ကိုကိုရဲ့ သခင် အမေတို့နားမှာစောင့်နေမယ် "

"သခင်က ကို့ ကိုသဝန်မတိုဘူးလား.."

မကြွေသောနှင်းဆီWhere stories live. Discover now