Part 27

1.5K 78 1
                                    

မကြွေသောနှင်းဆီ part 27

သခင် ဒီမနက် Star ship နဲ့ စာချုပ်ချုပ်ရမှာကြောင့်
ကုမ္မဏီကိုစောစောလာခဲ့လိုက်သည် သူမရောက်ပီး
ခဏ အကြာမှာ Star ship ရဲ့ ဉက္ကဌ ရောက်လာခဲ့ပီး
အောင်အောက်မြင်မြင် စာချူပ်ချုပ်နိုင်ခဲ့သည်

"ကို ဝဿန် အနေနဲ့ အခုလိုကျွန်မ ကုမ္မဏီ ကို ယုံယုံကြည်ကြည်ပူးပေါင်းပေးတဲ့အတွက် ကျွန်မက အထူးကျေးဇူးတင်ပါတယ်.."

"ရပါတယ်ဗျာ...ဒီကမစ္စရဲ့ အရည်အချင်းကိုကိုယ်က ယုံပါတယ်...ဒါနဲ့နာမည်က အိမ်မှူးသခင်နော်.."

"ဟုတ်ကဲ့.."

"အကုန်အဆင်ပြေပီဆိုတော့ ကျွန်တော်...ပြန်.."

"ဒုန်းးး"

ဝဿန် သခင်ကို ပြန်မယ့်အကြောင်းပြောနေရင်း
ရုံးခန်း ထဲသို့...အပြာရင့်ရောင် body fit တိုဖြင့်
အတင်းဝင်လာတဲ့မိန်းကလေးကြောင့်စကားစ ပြတ်သွားရသည်..

"ဟင်...သဲသက်ချို...သူ့ကိုဘယ်သူ့ခွင့်ပြုချက်နဲ့ဝင်လာခိုင်းတာလဲ... "

သခင် သူမရုံးခန်းထဲသို့ အတင်းဝင်လာတဲ့ သဲသက်ချိုကိုမြင်တော့ ဧည့်သည်လဲရှိတာမို့ အနောက်က မျက်နှာပျက်စွာဖြင့် လိုက်ပါလာတဲ့ ဝန်ထမ်းမလေးကို
လေသံမာမာဖြင့်မေးလိုက်သည်..

"ဟို....မမ..ညမလေးတားပါသေးတယ်...ဟို...သူက...အတင်းဝင်လာတာပါ..."

သခင်..အခြေအနေကိုနားလည်လိုက်တာမို့
.တုန်တုန်ယင်ယင် ဖြစ်နေတဲ့ ဝန်ထမ်းမလေးကို
သွားတော့ဆိုပီး မေ့ငေါ့လိုက်သည်...
ဝန်ထမ်းမလေး ထွက်သွားမှ..

"ဘာကိစ္စ ငါ့ကုမ္မဏီထဲထိ ခွင့်ပြုချက်မရှိပဲဝင်လာတာလဲ..ငါပြဿနာမဖြစ်ချင်ဘူး...ဒီမှာ..ငါ့ဧည့်သည်လဲရှိတယ် နင်လာရာလမ်းအတိုင်းပြန်လိုက်ပါသဲသက်ချို.."

"ငါပြန်ဖို့လာခဲ့တာမဟုတ်ဘူး.နင့်ကိုသတိပေးစရာရှိလို့
လာခဲ့တာ.."

သဲ မောင်ကပြောင်းလဲနေပီး သူမကိုသခင်နဲ့နှိုင်းပြောတာတွေ အရင်လိုပဲ ပြန်ဖြစ်ချင်တယ်ဆိုတဲ့စကားတွေကြောင့် သူမအပါ်မောင်ဒီလိုဆက်ဆံတာက သခင့်ကြောင့်ပဲ သခင်သူမတို့ရှေ့ပြန်ပေါ်လာပီးထဲက
သခင်မြူစွယ်လို့ဖြစ်ရတာ..လို့သူမစိတ်ထဲ
တစ်ညလုံးတွေးထားတာမို့ အခုမနက်မှ မောင်မနိုးခင် ထပီး သခင့်ကုမ္မဏီသို့ မောင်နဲ့ဝေးဝေးနေဖို့ သတိပေးရန်လာခဲ့ခြင်းပါ..

မကြွေသောနှင်းဆီWhere stories live. Discover now