မကြွေသောနှင်းဆီ part 22

1.8K 57 1
                                    

မကြွေသောနှင်းဆီ part 22

၆လခန့်ကြာသော်....

"​ကျစ်...ငံတဲ့ဟာကငံပေါ့တဲ့ ဟာကပေါ့နဲ့..သဲဘယ်လိုတွေချက်ထားတာလဲ..."

ဘုန်းမြတ် အလုပ်က ပင်ပန်းရတဲ့ ကြားထဲ ညစာကပါ အဆင်မပြေတာမို့ စိတ်ပျက်စွာပြောမိသည်...

"အစထဲက သဲဒါတွေမလုပ်တတ်ပါဘူး မလုပ်ချင်ပါဘူးဆိုတာကို မောင်ပဲမောင့်အမေပင်ပန်းမှာဆိုးလို့
ဘာညာနဲ့ အမေချစ်သားလုပ်နေပီး ချက်ကြည့်ပါဆို စားမကောင်းလဲ သည်းခံပီးစားပေါ့...ပင်ပင်ပန်းပန်းချက်ပေးထားတာကို မိန်းမ ပင်ပန်းမှာတော့မသိဘူး
အမေပင်ပန်းမှာတော့ ကြောက်နေတယ်.."

သဲ မနက်ထဲကပင်ပင်ပန်းပန်း ချက်ပြုတ်ထားတာကို
အကောင်းမပြောပဲ ငြီးတွားနေတဲ့ မောင့်ကို
သူမစားနေတဲ့ ဇွန်းနဲ့ခရင်းကိုပစ်ချကာပြောလိုက်သည်

"ဟ.."

ဘုန်းမြတ် သဲကို ပြန်ပြောဖို့လုပ်ပေမဲ့ အနောက်နေအမေကဝင်လာပီး..

"ဒီမှာသဲသက်ချို ငါ့သားကသူ့အမေသူချစ်တာဘာဖြစ်လဲ နင်ကိုဒီနေ့မှ ထမင်းဟင်းချက်ခိုင်းတာပါ..နင့်တို့ယူပီးထဲက ငါကချက်လိုက် ဆိုင်ကဝယ်စားလိုက်နဲ့ လုံးလည်ချာလည်လိုက်နေတာလေ..တစ်ခါတလေလေးချက်ကတာတောင် အဖြစ်ရှိအောက်မချက်နိုင်ဘူး
နင်ကိုယ်နင် အိမ်ထောင်ရှင်မဆိုတာလဲသတိရအုန်း.."

ဒေါ်မေလှိုင် ထမင်းစားခန်းထဲ ကအသံစွာစွာကြောင့် ဝင်လာပီးပြောလိုက်သည်..

"သဲက စီးပွားရေးသမားလေ ဒါတွေဘယ်လိုလုပ်လုပ်တတ်မှာလဲ..အိမ်မှုကိစ္စနိုင်နင်းတဲ့ချွေးမ လိုချင်ရင်အစထဲက အမေ့သားကို အိမ်ဖော်နဲ့ပေးစားလိုက်ပါလား.."

"သဲသက်ချို! !"

ဘုန်းမြတ် အမေ့ကို ရိုင်းစိုင်းစွာခွန်းတုန့်ပြန်နေတဲ့ သဲကိုပိတ်အော်လိုက်သည်..

"မင်းဘာဖြစ်နေတာလဲ...စယူထဲက ငါ့အမေအပေါ်လေးစားမှာတစ်စက်မှမရှိဘူး ငါဘယ်လောက်တောင်းဆိုဆို ဘယ်လောက်ပဲပြောပြောမရဘူး..မင်းအချိုးမပြေလို့မပြေဘူးပြောတာလေ..မှန်တာပြောတာကို
ဘာလို့ကပ်ကပ်လန်နေတာလဲ..."

မကြွေသောနှင်းဆီWhere stories live. Discover now