မကြွေသောနှင်းဆီ part 6

1.7K 32 0
                                    

"ဟယ်....မမ"

သခင် ဧည့်ခန်းထဲကဆိုဖာမှာ ခြေထောက်ချိတ်ကာထိုင်နေတဲ့ မမကိုတွေ့လိုက်သည်

"သခင်..."

"ဘယ်ကဘယ်လိုရောက်လာတာတုန်း.."

"မေမေက နင့်အတွက်ထိုးထားတဲ့ သိုးမွှေး အိတ်လေးဝင်ပေးပေးပါဆိုလို့ ငါဝင်လာတာ...ရော့."

"လှလိုက်တာ မေမေက သိပ်တော်တာပဲ ဟီးးး"

သခင် သဲသက်ချိုပေးတဲ့ အိတ်လေးထဲကနေ အပြာရောင် သိုးမွှေးအိတ်လေးသေးသေးလေးကို အလွန်သဘောကျမိပါသည်

"အက်တာဆို ငါပြန်အုန်းမယ်"

သဲ သူမရှေ့က အိတ်ကိုကြည့်ပီး ပြုံးရွှင်နေတဲ့
သခင့်ကြောင့် စိတ်အဆင်မပြေတော့တာမို့ ပြန်ဖို့ အိတ်ကိုကောက်ကိုင်လိုက်သည်

"ဟယ် နေပါအုန်း နင်ကလဲ ညီအမတွေတွေ့တုန်းလေ
အေးအေးဆေးဆေးနေသွားပါအုန်းလား.."

"ပျင်းစရာကြီးကို မနေချင်ပါဘူး"

"နေပါအုန်း မမရယ်ငါတို့ ဟော့ပေါ့ လုပ်စားကြမယ်လေ နင်ဟော့ပေါ့ကြိုပ်တယ်မလား...ခနနေ ကိုကိုလဲ ပြန်လာတော့မှာ မနေ့ကငါ့ကိုစိတ်ဆိုးအောင်လုပ်မိလို့တဲ့ စောစောပြန်လာပီး ပျော်စရာတစ်ခုခုလုပ်ကြမယ်တဲ့လေ နင်ပါရှိတော့ ပိုကောင်းတာပေါ့ 3ယောက်တူတူစားကြမယ်လေ.."

"ဘာ..."

"ဘာဖြစ်လို့လဲ "

သူမစကားဆုံးတော့ ရုတ်တရက်ထအော်တဲ့ သဲသက်ချို ကြောင့် သူမကြောင်သွားရသည် ဘာများဖြစ်တာလဲပေါ့ စကားထဲမှာလန့်စရာပါလို့လား

"ဘာမှမ​ဖြစ်ပါဘူး အာ့ဆို စားမယ်လေ လိုအပ်တာတွေက သွားဝယ်ရအုန်းမှာပေါ့.."

သဲ ခနနေ မောင်ပြန်လာတော့မည်ဆိုတာကြောင့်
ဒေါသကထောင်းခနဲ ထွက်သွားရပီး ဟန်မဆောင်နိုင်ဖြစ်သွားရသည် သူမကိုကျ အလုပ်မအားလို့ပါဆိုပီး
ဖုန်းလေးတစ်callတောင်မဆက်ပဲ သူက ဒီဟာမနဲ့ သာယာခြင်နေတာ အက်တာကြောင့် သူမလဲ
သူမပြန်ရင် သူတို့နှစ်ယောက်ထဲချစ်ကြည်နူးမှာကို မလိုလားတာကြောင့် နေဖို့ဆုံးဖြတ်လိုက်သည်..

မကြွေသောနှင်းဆီWhere stories live. Discover now