မကြွေသောနှင်းဆီ part 14

2K 70 1
                                    

မကြွေသောနှင်းဆီ part 14

"အွန်း...."

သဲ အကြောတွေကိုဆန့်ထုတ်လိုက်ပီး မျက်လုံးများဖြေးဖြေးချင်းဖွင့်လိုက်သည် သူမဘေးက နှစ်ချိုက်စွာအိပ်စက်နေတဲ့ မောင့်ကို တစ်ချပ်ကြည့်ကာသူမပြုံးလိုက်မိသည် မောင်က ချောမောပီးခန့်ညားသည်
မောင့်ကိုသူမ အစက ပိုင်ဆိုင်ချင်တဲ့စိတ်တစ်ခုနဲ့သာ ချည်းကပ်ခဲ့ပေမဲ့ အခုတော့ သူမ မောင်ဆိုတဲ့ အမျိုးသားကို သိပ်ချစ်မိသွားခဲ့ပီလေ..

"ပြွတ်..."

သဲ မောင့်နှဖူးလေးကို ဖွဖွလေးနမ်းလိုက်ပီး ကုတင်ဘေးခုံပေါ်က သူမဖုန်းကိုယူကာ အပျင်းပြေ လိုင်းသုံးဖို့ လိုင်းဖွင့်လိုက်သည်..

"တင်.."

"ဟင်.."

သူမလိုင်းဖွင့်ဖွင့်ချင်းပင် သူမ စီသို့ post တစ်ခု notiတင်လာသည် သူမလဲ ချက်ချင်းပင်ဝင်ကြည့်လိုက်တော့..postတင်ထားသူက သူမရဲ့ မွေးစားအဖေ ဉီးထည်ဝါ postကို သတင်း  pageနဲ့ tag တွဲတင်ထားသည် တင်ထားတာက..

"ကျွန်တော်မှာ သမီးနှစ်ယောက်ရှိမှန်းအားလုံး
သိကြမှာပါ သမီးကြီးဖြစ်တဲ့ ကျွန်တော့်ညီဆုံးပါးသွားပီးတဲ့နောက် ကျွန်တော် အမွေစားအမွေခံ မွေးစားခဲ့တဲ့
သဲသက်ချိုရယ် ကျွန်တော့်သမီးငယ် အိမ့်မှူးသခင်ရယ်ပါ အခု ကျွန်တော့်မွေးစားသမီးသဲသက်ချိုက သမီးအရင်း အိမ့်မှူးသခင်ရဲ့ ယောကျာ်းနဲ့ ဖောက်ပြန်နေပါတယ် ညီမ ဖြစ်သူရဲ့ယောကျာ်းနဲ့ဖောက်ပြန်တဲ့ သမီးမျိုး ကျွန်တော့မှာမရှိပါ ဒါ့ကြောင့်အခုကစပီး သဲသက်ချိုအား အမွေဖြတ်စွန့်လွှတ်လိုက်ပါပီ ကျွန်တော့်သမီးကိုဖောက်ပြန်သွားတဲ့ ဘုန်းမြတ်မင်း ကုမ္မဏီ က ရှယ်ယာတွေအားလုံးပြန်ထုတ်မှာပါ ဘုန်းမြတ်မင်းဒီpostကိုမြင်တာနဲ့ မင်းရဲ့အိမ်ကိုပြန်လာခဲ့ပါ ငါသမီးက မင်းကိုကွာရှင်းဖို့ မင်းအိမ်မှာစောင့်နေတယ်..."

"တောက်စ်..."

သဲသက်ချို postကို ဖတ်ပီးတာနဲ့ ဒေါသထွက်သွားရသည် ဒီလိုဖြစ်မယ်မှန်းသိပေမဲ့ အခုလို တကယ်ကြီးဖြစ်သွားတော့ ရင်ခံရသည် post ရဲ့ cmမှာလဲ
ဉီးထည်ဝါရဲ့ ဆွေမျိုး အသိုင်းအဝိုင်း စီးပွားဖက်တွေ တော်တော်များများက ဝင်မန့်ထားကြသည်

မကြွေသောနှင်းဆီWhere stories live. Discover now