မကြွေသောနှင်းဆီ part 18

1.5K 45 0
                                    

မကြွေသောနှင်းဆီ part 18

သခင် တရားရုံးသွားဖို့ မနက်စောစော ထကာ
ဝတ်နေကျ ထဘီ မဝတ်တော့ပဲ shirt အဖြူကို
လက်ခေါက် ၍ ဘောင်းဘီအမဲအပွ အရှည့်ဖြင့်တွဲဝတ်လိုက်ပီး makeup ပါးပါးလူးကာ ကျောလည်လောက် ဆံပင်ရှည်တွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ကလစ်အလှလေးဖြင့် စု ညှပ်လိုက်သည်

သူမပုံစံကို မှန်ထဲ ပြန်ကြည့်လိုက်ပီး တစ်ချက်ပြုံးလိုက်ပီး အရင်ထက် ပိုပီး ကြည်ကြည်လင်လင်ရှိလာသည်ကိုသတိထားမိသည် နောက်ဆုံးအနေ နဲ့ မှန်တင်ခုံပေါ်က သူမဆိုးနေကျပန်းနုရောင်နှခမ်းနီစီ လက်ကလှမ်းနေရင်း တစ်ခုခုကို သတိရဟန်ဖြင့် လက်က နှခမ်းနီ ဘူးကိုမထိခင်မှာ ရပ်တန့်သွားရပီး ပန်းနုရောင် နှခမ်းနီ ဘေးက အနီဘက်သွားတဲ့ အုပ်ကျိုးရောင်နှခမ်းနီကို ယူကာ သူမရဲ့ နှခမ်းထူထူပေါ်ဆိုးလိုက်သည်

သူမoutfitနဲ့ make up look က လိုက်ဖက်နေသည်
အရင်ကလဲ ခလေးဆန်ဆန် နုနုဖက်ဖက်မပြင်ချက်တော့တာမို့ queen look မျိုးသာ အမြဲပြင်ဖို့သူမ
ဆုံးဖြတ်လိုက်သည် သူမလဲ ပြင်ဆင်နေတာ ကြာပီမလို့
ဖေဖေ ယူသွားဖို့ပြောထားတဲ့ ဝိုင်ပုလင်းကို အိတ်လေးဖြင့်ထည့်ပီး သူမပိုက်ဆံအိတ်ကိုကိုင်ကာ သွားဖို့ဆင်းလာခဲ့လိုက်သည်

"ဖေဖေ နဲ့ မေမေ သမီးသွားတော့မယ် နော်.."

သခင်ထမင်းစားခန်းမှာ မနက်စာစာနေတဲ့ ဖေဖေနဲ့မေမေကို အပေါက်ဝကနေလှမ်းပြောလိုက်သည်

"မနက်စာ စားသွားအုန်းလေ သမီးရဲ့.."

ဒေါ်မြမြချို မနက်ခင်း စောစော တက်ကြွပီး အရင်ကထက် အရောင်ထွက်လာတဲ့ သမီးကိုသဘောကျစွာကြည့်ရင်း ပြောလိုက်သည်

"မစားတော့ပါဘူး မေမေရဲ့ တရားရုံးကနေမြင့်ရင်လူရှုပ်တယ်လေ အပြန်ကျမှ တစ်ခုခုဝင်စားလိုက်မယ်.."

"အေးအေး သမီးသဘော.."

"သမီး ဒီနေ့ တရားရုံးကအပြန်စိတ်ပြေလက်ပျောက်ဖြစ်အောင် သူငယ်ချင်းတွေနဲ့ လျှောက်လည်တာတို့ မုန့်စားတာတို့ လုပ်ပါလား"

ဉီးဘုန်းမြင့် သူ့သမီးလေး အိမ်ပြန်ရောက်ထဲက တစ်ယောက် ထဲဖြစ်နေတာကြောင့်ရယ် အရင်လိုပဲ ပျော်ပျော်ရွင်ရွှင် တက်တက်ကြွကြွလေးပြန်ဖြစ်စေချင်တာကြောင့် ပြောလိုက်ခြင်းပါ..

မကြွေသောနှင်းဆီWhere stories live. Discover now