မကြွေသောနှင်းဆီ part 15

2.2K 87 8
                                    

မကြွေသောနှင်းဆီ part 15

"ကျွှီ....."

သခင် ဒေါ်မေလှိုင် နဲ့ စကားနိုင်လုနေရင်း ခြံထဲကညကားဘရိတ်အုပ်သံ ကျယ်ကျယ်က်ု ကြားလိုက်ရသည်

ဘုန်းမြတ် ကားကိုအရှိန်ဖြင့်မောင်းနှင်ကာ အိမ်သိုပြန့လာခဲ့သည် ခြံထဲ ပေါ်တီအောက်အရောက် ဘရိတ်ကို ကျယ်လောင်စွာအုပ်လိုက်ပီး ကားပေါ်က အလျှင်အမြန်ဆင်းကာ အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည် အနောက်ကသဲကလဲ ဘုန်းမြတ်နောက်သို့ ကပ်လာလိုက်လာခဲ့သည်

"သခင်..."

ဘုန်းမြတ် အိမ်ထဲအရောက် ဧည့်ခန်းထဲမှာ သခင်နဲ့ သခင့်မိဘတွေရဲ့ တည်တင်းနေတဲ့မျက်နှာတွေကို တွေ့လိုက်ရသည်...

သဲ ဖေဖေနဲမေမေကိုမြင်တော့ အနည်းငယ် ရှိန်သွားမိသည် ဖေဖေက သူမကို ဒေါသမျက်ဝန်းတွေနဲ့ ကြည့်နေပီး မေမေက မယုံနိုင်စွာကြည့်နေသည် သူမလဲ သးမရှေ့က မောင်းလက်မောင်းကို အားကိုးတကြီး စုတ်ကိုင်လိုက်မိသည်

"သား မြန်မြန်လာ...ဒီမှာ ဒီဟာမက အမေတို့ကို သူ့မိဘတွေအားကိုးနဲ့ အမေ့ကိုပြသနာရှာနေတယ်..မြန်မြန်ကွာပေးလိုက်.."

ဒေါ်မေလှိုင် သားဖြစ်သူနဲ့ သဲသက်ချို ရောက်လာတော့ မဲ့ရွဲ့ကာ သားဖြစ်သူကိုလှမ်းပြောလိုက်သည်

ဉီးမိုးလွင်ကတော့ ဘုန်းမြတ်တို့အနားလျှောက်သွားပီး
စိတ်ပျက်တဲ့ အကြည့်နဲ့ ဘုန်းမြတ်ကိုကြည့်ပီး သဲသက်ချို ကို အထင်သေးတဲ့ပုံစံနဲ့ ကြည့်ပီး သူ့အခန်းထဲသို့ဝင်သွားသည် သူဒီလိုမိန်းမနဲ့ သားကြောင့် အရမ်းရှက့မိသည် ဆက်ဖြစ်ကြမဲ့ မြင်ကွင်းတွေကို မမြင်ချင်တော့တာမို့ သူမအခန်းထဲ သာဝင်လာခဲ့တော့သည်

"ဘာလို့ကွာရမှာလဲ...သခင် မင်းကတကယ်ကွာမလို့လား မင်းငါ့ကိုပြတ်နိုင်လို့လား"

ဘုန်းမြတ် သူ့ကိုသိပ်ချစ်တဲ့ သခင်က ခပ်တည်တည်မျက်နှာထားဖြင့် ကွာရှင်းစာချုပ် ခုံပေါ်တင်ကာ သူ့ကို ခံစားချက်မဲ့စွာကြည့်နေသည်

"ရှင့်လေသံကိုပြင်လိုက်ပါ ကိုဘုန်းမြတ်မင်း ကျွန်မက ရှင့်မိန်းမ မဟုတ်တော့လို့ နောက်တစ်မျိုးပြောရင် ရှင့်ကျွန်မဟုတ်တော့လို့ အထက်စီးလေသံနဲ့လာမပြောပါနဲ့.."

မကြွေသောနှင်းဆီWhere stories live. Discover now