"ဟင်..."
သဲ သူမစင်ပေါ်ကဆင်းဖို့လုပ်တုန်း သူမကို သတ်တော့မည့်အကြည့်နဲ့ စိုက်ကြည့်နေတဲ့ သခင့်ကြောင့် လန့်သွားရသည် သခင့်လက်ထဲက သူမဖုန်းကိုအကြည့်ရောက်သွားတော့ ပိုပင်လန့်သွားရသည်
"သခင် သိသွားတာလား...အို...သိလဲသိပေါ့ ငါကဘာလို့ သူ့ကိုကြောက်နေရမှာလဲ အခုဆို ဖေဖေက ကုမ္မဏီ လဲ ငါ့ကို လွှဲပေးပီးပီပဲ မြန်မြန်သိတော့လဲ မောင်နဲ့ မြန်မြန်ကွာရှင်းတာပေါ့ "
သဲလဲ သူမရဲ့ လန့်သွားတဲ့စိတ်ကို သူမအတွေးနဲ့သူမဖျောက်ပြစ်ကာ အောင်နိုင်သူအပြုံးဖြင့် စင်ပေါ်ကဆင်းကာ သခင့်စီသို့လျှောက်လာခဲ့လိုက်သည်
သခင် သူမစီကို အောင်နိုင်သူအပြုံးနဲ့ လျှောက်လာတဲ့ သဲသက်ချို ကို အံဩစွာဖြင့် နာနာကျင်ကျင်စိုက်ကြည့်နေမိသည်
"ကိုင်ပေးထားလို့ကျေးဇူးပဲနော် ညီမလေး မမသွားစရာရှိလို့ ပြန်ပေးတော့နော်.."
သခင် သူမအား ချိုသာနေသောအသံဖြင့် ပြောနေသည့် သဲသက်ချိုရဲ့အသံက သူမကို လှောင်ပြောင်နေသလိုပင်..
သဲလဲ သူမကို ဘာမှမပြောပဲ စိုက်ကြည့်နေတဲ့ သခင်ကို ပြုံပီးတစ်ချက်ကြည့်ကာ လက်ထဲက သူမအိတ်နဲ့ဖုန်းကိုဆွဲယူပီး ထွက်လာခဲ့လိုက်သည်
သခင် အခုအချိန်မှာ သူမနောက်ကျောကိုဓားနဲ့ထိုးသွားတဲ့ သဲသက်ချိုကို ပိုးစိုးပက်စက်ပြောလိုက်ချင်ပေမဲ့
လက်တွေ့မှာတော့ ဘာစကားမှ မပြောနိုင်ပါ ရင်ဝမှာစို့နင့်ကာ ထွက်သွားတဲ့ သဲသက်ချိုရဲ့ကျော့ပြင်ကိုသာကြည့်နေမိသည်"သမီး...သမီးလေး..."
"ဟင်..ဖေ..ဖေဖေ.."
သခင် ဖေဖေခေါ်မှ စိတ်လွှင့်နေရာကနေ စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားရသည်
"သမီး ဘာထိုင်လုပ်နေတာလဲ မပြန်သေးဘူးလား အကုန်လုံးပြန်နေကြပီလေ.."
သခင် ဖေဖေ ပြောမှ ကြည့်မိပါသည် အစည်းအဝေးခန်းက လူတစ်ချို့လောက်သာကျန်တော့သည် အကုန်ကိုယ်စီကိုယ်စီ ပြန်ကုန်ကြသည်
"သမီး..ပြန်မှာပါ...နောက်မှ ဖေဖေတို့စီလာခဲ့မယ်နော်
.သမီးသွားတော့မယ်..."
YOU ARE READING
မကြွေသောနှင်းဆီ
Romance"ယောကျာ်းတစ်ယောက်အပေါ်အကောင်းဆုံးကလဲ့စားချေနည်းက သူဘယ်တော့မှပြန်မရနိုင်မဲ့ မိန်းမကောင်းတစ်ယောက်အဖြစ်နေလိုက်တာပဲ.."