မကြွေသောနှင်းဆီ part 8

1.8K 38 1
                                    

"ကိုကို...သခင် ပီးပီ သွားတော့မယ်နော်.."

"အင်း သခင် ပီးတာနဲ့ပြန်လာခဲ့နော် သခင့်အမ ပွဲမို့သာလွှတ်ရတာစိတ်မချဘူး ကိုကလဲ ဒီညနေ နိုင်ငံခြားကဧည့်သည်တွေနဲ့ dinnerစားမို့ရှိလို့ မလိုက်နိုင်ဘူး..စိတ်ချမယ်နော်.."

ဘုန်းမြတ် သဲရဲ့ပွဲမို့ သဲက သခင့်ကိုသူ့အောင်မြင်မှုတွေမြင်စေခြင်လို့လွှတ်ပေးပါဆိုလို့သာ သူ့စိတ်နဲ့ဆို သခင့်ကို အခုလိုတစ်ယောက်ထဲမသွားစေခြင်ပါ အိမ်ထဲမှာပဲ အိမ်ရှင်မ တာဝန်ကျေပီး သူပြန်လာတာကိုပဲစောင့်စေခြင်သည်

"အင်းပါ ကိုကိုရဲ့ သခင်ပီးတာနဲ့ပြန်ခဲ့မယ် ကိုကို လဲ ဂရုစိုက်သွားအုန်းနော် "

သခင် သူမကိုအစိုးရိမ်လွန်နေတဲ့ ကိုကို့ ကို ပြုံးကာပြန်ပြောလိုက်သည်

"ဟုတ်ပီ အာ့ဆိုကိုအရင်သွားနှင့်မယ် ကားသေချာမောင်းနော်.."

"ဟုတ်.."

သခင် ကိုကို ထွက်သွားတော့ သူမကိုယ်သးမ မှန်ထဲ ပြန်ကြည့်လိုက်သည် အပြာနုရောင် ဒူးဖုံး လက်ရှည်ရာဝန် ဝဲဝဲလေးကိုဝတ်ထားပီး သူမရဲ့ ပုခုံးကျော်ဆံပင်တွေကို တစ်လွှာစီးကာ ဖဲ ပြားလေးခြည်ထားသည်
မိတ်ကပ်ပါးပါးလေးလူးပီး နှခမ်းနီ ပန်းရောင်လေးဆိုးထားတဲ့ သူမပုံစံက နုဖက်နေသည်

သခင်လဲ မှန်ကြိုက်သူမို့ ကျေနပ်တဲ့အထိမှန်ကြည့်လိုက်ပီး အောက်ထပ်သို့ သွားဖို့ဆင်းလာခဲ့လိုက်သည်

"မမ..."

"ဝေ..မိဝါပြောလေ.."

သခင် သွားဖို့ အိမ်ပေါက်ဝအရောက် အနောက်က မိဝါရဲ့အသံကြောင့်လှည့်ကြည့်လိုက်သည်

"ဟို..ဟိုလေ.."

"ဘာလဲ..မိဝါရဲ့ ပြောလေ.."

"ဟို..အကိုလေးကို သိပ်မယုံပါနဲ့လား.."

"ဘာလို့လဲ.."

"အကိုလေးနဲ့ မမရဲ့ အမနဲ့က...ဟို.."

"ကဲ..မိဝါ ဘာဖြစ်နေတာလဲ ပြောစရာရှိတာပြောလေ.."

သခင် တစ်ဟိုဟို ဖြစ်နေတဲ့ မိဝါကိုစိတ်မရှည်တော့တာမို့ အော်လိုက်သည်

မကြွေသောနှင်းဆီWhere stories live. Discover now