မကြွေသောနှင်းဆီ part 26

2.4K 72 0
                                    

မကြွေသောနှင်းဆီ part 26.

"ဘာငါ့အိမ်လဲ..ကျွန်မလုပ်ငန်းကြောင့် အန်ကယ်တို့အခုလိုနေနိုင်သေးတာလေ နမို့ဆိုအစထဲက ဒီအိမ်ရောင်းပစ်လိုက်ရမှာ ရန်ဖြစ်နာမမြင်ချင်ရင် အန်ကယ်ပဲလမ်းဘေးမှာသွားနေလိုက်.."

"တောက်..စ်..ဖြောင်းးး"

ဘုန်းမြတ် ကျားရိုင်မတစ်ကောင်လို ရန်လိုနေပီး ဒေါသမီးတွေနဲ့ လောင်မြိုက်နေတဲ့သဲရဲ့ ပါးကို
သူ့ယောကျာ်းအားဖြင့်ရိုက်ချလိုက်သည်..

"မောင်.....နင်..ငါ့ကိုရိုက္လိုက္တာလား.."

သဲ သူမကို သတ်တော့မဲ့ ပုံစံဖြင့်ကြည့်နေတဲ့မောင့်အား
မောင့်ရိုက်ချက်ကြောင့် သွေးစို့သွားတဲ့နှခမ်းကို ကိုင်ရင်း မယုံနိုင်စွာမေးလိုက်သည်

"အေး..ရိုက်ရုံတင်မဟုတ်ဘူး မင်းကိုသတ်ပါသတ်ပစ်ချင်တာ..အမြဲတမ်း ငါ့ကိုကော ငါ့မိသားစုကိုကော
နည်းမျိုးစုံနဲ့ စော်ကားနေတဲ့မိန်းမကို သည်းခံစရာဘာအကြောင်းမှမရှိတော့ဘူး..အမြဲ မင်းစကားအတိုင်းနေလာရတာမွန်းကျပ်လာပီ မင်းကလေ..မင်းကတော်တော်စိတ်ပျက်စရာကောင်းတဲ့မိန်းမပဲ.."

"ဘာ...စိတ်ပျက်တယ် မောင်..."

"မခေါ်နဲ့...မင်းအသံကိုကြားရတိုင်း ငါ့မှာပူလောင်ရလွန်းလို့..အရင်ကအေးချမ်းတဲ့ဘဝလေးကိုပဲ ပြန်လိုချင်တော့တယ်.."

ဘုန်းမြတ် စကားရဲ့အဆုံးမှာအသံကဆွေးသွားရသည်
သူတစ္ခုခုကို ရည်ရွယ်ပီးပြောတယ်ဆိုတာ သူ့ကိုယ်သူပဲသိသည်..

"သား...အဖေလဲအသက်ကြီးနေပီ အေးအေးချမ်းချမ်းနေချင်ပီသားရယ်..."

ဉီးမိုးလွင် ရှေ့ကပူလောင်စရာမြင်ကွင်းကို ဆက်မမြင်ချင်တော့တာမို့ သက်ပြင်းချကာ သားဖြစ်သူရဲ့ပုခုံးကို ကိုင်၍ ပြောပီး သူ့ရဲ့အခန်းလေးစီသို့သာပြန်သွားလိုက်တော့သည်..

"မောင်. ခုဏက စကားရဲ့အဓိပါယ်က ဘာလဲ..
မောင်ဆိုတာက ဟိုကောင်မစီ ပြန်သွားချင်နေတယ်လို့ပြောချင်တာလား.."

သဲ ထိုမေးခွန်းကိုအသံတုန်တုန်ယင်ယင်ဖြင့်မေးလိုက်သည် မောင့် ကသူမကို ရိုက်လဲရိုက်တယ် စိတ်ပျက်တယ်လို့ပဲပြောပီး အရင်ကအေးချမ်းတဲ့ဘဝလေးကိုပြန်လိုချင်တယ်ဆိုတဲ့ စကားက သူမရင်ကိုလှုပ်ခက်စေသည်

မကြွေသောနှင်းဆီWhere stories live. Discover now