မကြွေသောနှင်းဆီ part 24

1.8K 72 2
                                    

မကြွေသောနှင်းဆီ Part 24

ရန်ကုန်မြို့ရဲ့ Novotal Hotel မှာ ကျင်းပတဲ့ Uk ကနာမည်ကြီးကုမ္မဏီ Star Ship ရဲ့ဖိတ်ကြားမှုကြောင့်
စီးပွားရေးလောက လူများစုဝေးနေကြသည်..

"မောင့်မျက်နှာက ဘာဖြစ်နေတာလဲ "

သဲရောက်ထဲက မကြည်မလင်ဖြစ်နေတဲ့ မောင့်မျက်နှာကို အလိုမကျစွာမေးလိုက်သည်

"ဘာမှမဖြစ်ပါဘူး."

ဘုန်းမြတ် ပွဲက စီးပွားရေးရှင်တွေကြားမှာ သူကို ဘယ်သူမှ အရေးတယူစကားလာမပြောကြပေသူအရင်ကသိကျွမ်းဖူးတဲ့လူတွေကတောင်ပြုံးရုံသာပြုံးပြ ပီး သူတို့အုပ်စုနဲ့သူတို့စကားပြောနေကြသည် ဒီလိုအခြေမျိုးက သူ သခင်နဲ့ကွဲထဲကပါစီးပွားရေးလောကမှာလူမှုရေးဖောက်ပြန်တဲ့သူအဖြစ်သူဖယ်ကျဉ် ခြင်းခံလိုက်ရတာပင်....ဒီကြားထဲ သဲရဲ့ မပေါ့်တပေါ်ဝတ်စုံကြောင့် ပုရိသတို့ရဲ့ မျက်လုံးပေါင်းများစွားက
သဲရဲ့ မလုံ့တလုံနေများကို မထိတထိ ကြည့်နေကြသေးသည် သူမကတော့ ဒါကိုကျေနပ်နေတဲ့ပုံပင်....

"ဒေါက်...ဒေါက်...ဒေါက်...."

ကိုယ့်စကားဝိုင်းနဲ့ကိုယ် အလုပ်ရှုပ်နေကြတဲ့ လူတွေအားလုံး ခန်းမထဲဝင်လာတဲ့ ဒေါက်ဖိနပ်အသံကို အာရုံရောက်သွားကြသည် ထိုလူတွေထဲမှာ
ဘုန်းမြတ်ကောသဲပါ ပါသည်..

အနက်ရောင် loung pant အောက်အကားကို
$ ဒေါက်ဖိနပ်နဲ့ တွဲစီးထားပီး အနက်ရောင် ရင်ပြတ်
အပြောင် crop top အပေါ်ကနေ ကုတ်အမဲကို ထပ်ခြုံကာ ဆံထုံးပွပွလေးအနိမ့်ဆလး ထုံးပီး မြွေပုံစံ ဆံထိုးကို ထိုးထားသည်..ပါးပါးကြည်ကြဘ် make up lookကိုလိမ်းထားပီး နှခမ်းထူထူအပေါ် ကြက်သွေးရောင်နှခမ်းနီ ကိုဆိုးထားပုံက ရဲရင့်တဲ့အသွင်.. ပွဲတက်ဝတ်စုံတွေကြားထဲမှာမှ ဘယ်သူနဲ့မှ မတူပဲ ဝင်လာတဲ့ မိန်းကလေးက..သခင်....

"သခင်..."

ဘုန်းမြတ် သခင့်ရဲ့လှပတဲ့ ခြေလှမ်းတွေကိုငေးကာ
နှုတ်ကပါ သူမနာမည်ကိုရေရွတ်မိသွားသည်
သဲကိုကြည့်လိုက်တော့ အံဩမှုတွေ မနာလိုမှုတွေပါတဲ့အကြည့်စူးစူးဖြင့် စိုက်ကြည့်နေသည်..

မကြွေသောနှင်းဆီWhere stories live. Discover now