part 31

1.8K 70 1
                                    

မကြွေသောနှင်းဆီ.... part 31

"စောင့်နေသေးတာလား..."

"သခင်ကစောင့်နေလို့ပြောခဲ့မှတော့ ကိုယ်ကစောင့်နေရတာပေါ့..."

" ဟုတ်ပါပီ...စားချင်စိတ်မရှိတော့လို့ ပြန်ကြရအောင်.."

သခင်...ဘုန်းမြတ်နဲ့ စကားပြောပီးနောက် စိတ်ထဲ ကြည်လင်နေတဲ့ စိတ်တွေပျောက်သွားရတာမို့..
ဝဿန်ကိုပြောလိုက်သည်..

"နေပါအုန်း..သခင်ရဲ့..ခဏထိုင့ပါအုန်း...ကိုယ်ပြောစရာရှိလို့ပါ..."

"အွန်း.."

သခင်လဲ ပြောစရာရှိတယ်ဆိုလို့ မထိုင်ချင်ထိုင်ချင်ဖြင့် ပြန်ထိုင်လိုက်ရသည်....

"ဟို...သခင်..အဆင်ပြေ ရဲ့လား.."

ဝဿန် ခင်ပွန်းဟောင်း နဲ့ စကားပြေားပီးပြန်လာရတာတဲ့ သခင့်ကိုမေးလိုက်သည်

"ပြေပါတယ်...ဘာလို့မေးတာလဲ.."

"ခင်ပွန်းဟောင်းနဲ့ အခုလိုတွေ ပြန်စကားပြောရလို့လေ"

"မဆိုင်တာရှင်....ဘာလို့မပြေရမှာလဲ...သူက ကျွန်မ
အတွက် စိတ်ထဲရှိနေတဲ့ လူတစ်ယောက်မှ မဟုတ်တာ..
ကျွန်မကဘာဖြစ်ရမှာလဲ..."

"သခင်..တကယ်အဲ့လူအပေါ် ဘာစိတ်မရှိတော့ဘူးလား.."

သခင့်ရဲ ဘာစိတ်မှ မရှိတော့ပါဘူးဆိုတဲ့ စကားကြောင့်
စကားသံတွေကတက်ကြွလာရသည်..
အခြေအနေတွေကို သူမြင်တွေ့ပီးတဲ့နောက်...သခင့်ကို
သူ့အပိုင်အဖြစ် ဘယ်သူမှမထိရဲ့အောင်ကာကွယ်ပေးချင်လာသည်...အခု သူ့မျက်စိရှေ့မှာ သခင့်ကိုဆွဲလားရမ်းလားလုပ်နေတာတောင်...သူ့နဲ့မဆိုင်တာမို့ ဒီတိုင်းကြည့်နေခဲ့ရသည်မလား...

"တကယ်ပေါ့...ယောကျာ်းတစ်ယောက်ကို တသသဖြစ်နေပီး လာပြန်ရောတိုင်းရင်ခုန်မဲ့ မိန်းမစားမျိုးမှမဟုတ်တာ..."

"သဘောကျတယ်ဗျာ..."

"ရှင်....."

သခင် ဝဿန်ရဲ့ ဆိုင်းမဆင့်ဘုံမဆင့်ပြောချလိုက်တဲ့စကားကြောင့် ကြောင်သွားရသည်..

"သခင့်စိတ်ဓာတ်ကိုပြောတာပါ...ဒါနဲ့..သခင်..နောက်ထပ် အချစ်သစ်မရှာချင်ဘူးလား..."

မကြွေသောနှင်းဆီWhere stories live. Discover now