မကြွေသောနှင်းဆီ part 7

1.7K 36 1
                                    

"မိဝါ..နေအုန်း.."

"ရှင်.."

မိဝါ မမသခင်က အိပ်ယာခင်းတွေ လဲခိုင်းထားလို့ အပေါ်သို့တက်လာခြင်းပါ အခန်းပေါက်ဝရောက်တော့မှ မမသခင်ရဲ့ အမဖြစ်သူနဲ့ အကိုလေးနဲ့ နမ်းနေတာကို သူမမြင်ခဲ့တာပင်

"နင် မဆိုင်တာတွေဝင်မပါနဲ့ မသိသလိုနေ အာချောင်ဖို့တော့မစဉ်းစားနဲ့နေည် နင့်ကိုတစ်ခါထဲ အလုပ်ထုတ်ပလိုက်မယ်.."

ဘုန်းမြတ် သူနဲ့သဲ ဖောက်ပြန်နေတာကို မြင်သွားတဲ့
မိဝါကို သခင့်ကိုသွားပြန်ပြောမှာဆိုးသဖြင့် လေသံမာမာနဲ့ ခြိမ်းခြောက်ကာ ပြောလိုက်သည်..

"ဟုတ်..ဟုတ်ကဲ့ အကိုလေး..မိဝါ ဘယ်သူ့ကိုမှမပြောပါဘူး.."

"အေးပီရော လုပ်စရာရှိတာသွားလုပ်တော့...."

"တီ..တီ.."

"သဲ သခင်လာပီထင်တယ် အောက်ဆင်းရအောင်.."

"အင်း.."

သဲလဲ မောင်နဲ့အတူအောက်သို့ဆင်းလာလိုက်သည်
သူမတို့ချစ်ကြည်နူးနေတာတွေကို ဖျက်စီးတဲ့
မိဝါကိုလဲ မျက်လုံးစိမ်းကြီးများဖြင့် ကြည့်ခဲ့သေးသည်

"ဟင်းးးး"

မိဝါ အိမ်အောက်ဆင်းသွားတဲ့ အကိုလေးနဲ့ ဟိုမိန်းမကိုကြည့်ရင်း သက်ပြင်းချမိသည် မမသခင်လို စိတ်ထားဖြူစင်တဲ့သူကိုမှ လုပ်ရက်လိုက်ကြတာ မိဝါ ဒီအိမ်စစရောက်တော့ မမလေးတို့လင်မယားလက်ထက်ကာစပဲရှိသည် ဒေါ်မေလှိုင် က အစပိုင်းတော့ကောင်းပေမဲ့
နောက်ပိုင်းကျ မမသခင်ကိုအရမ်းနိုင်စားလာသည်
မမကလဲ အကိုလေးကိုချစ်လို့ထင်ပါရဲ့ အမြဲ အပြုံးမပျက်ပဲသီးခံပေးခဲ့သည် ဒီလိုမိန်းကလေးကို အကိုလေးသိပ်စက်သည် ဖောက်ပြန်တော့လဲ မမသခင်ရဲ့ အမနဲ့တဲ့လား....ဘာပဲဖြစ်ဖြစ် မိဝါ မမသခင်ကို အကိုလေးလစ်တဲ့အချိန်ကျပြောပြမည် မိဝါမိန်းမချင်းစာနာလို့ပင်...

.....

"ဟယ် ကိုကို ပြန်ရောက်နေတာလား မမလဲရောက်နေတယ် သခင်က ဟော့ပေါ့လုပ်စားမလို့သွားဝယ်နေတာ.."

သခင် အိမ်အပေါက်ဝက သူမကိုအပြုံးလေးဖြင့်စောင့်ကြိုနေသည့် ကိုကို့ ကိုတွေ့တော့ လက်ထဲကအထုတ်တွေကိုမြှောက်ပြကာပြောလိုက်သည်..

မကြွေသောနှင်းဆီWhere stories live. Discover now