မကြွေသောနှင်းဆီ part 21

1.6K 66 0
                                    

မကြွေသောနှင်းဆီ part 21

သခင် တရားရုံးက ပြန်လာပီးတာနဲ့ Beauty salonကိုဝင်ခဲ့ပီး သူမရဲ့ အရောင်မညီတဲ့ ဆံပင်ရှည်တွေကို အနက်ရောင်ပြောင်းခဲ့ကာ သူမနဲ့လိုက်ဖက်တဲ့ အဝတ်အစားတစ်ချို့ကိုပါ ဝယ်ခဲ့လိုက်ပီး အိမ်သို့ ပြန်လာခဲ့လိုက်သည် .

"မေမေရေ...သမီး ပြန်ရောက်ပီ နော်.."

"အေးသမီးရေ အမေ မီးဖိုထဲမှာ..."

သခင်လဲ  မေမေအသံလာရာအတိုင်း မီးဖိုချောင်ထဲသိုဝင်လာခဲ့လိုက်သည်...

"မေမေ..ဘာတွေချက်နေတာတုန်း အပင်ပန်းခံပီးတော့အိမ်အကူလေးခေါ်ထားရတာကို.."

သခင် မီးဖိုထဲမှာ ချက်ပြုတ်နေတဲ့ မေမေ့ကိုအနောက်ကနေကြည့်ကာပြောလိုက်သည်..

"အိုကွယ်...မေမေကအိမ်ရှင်မလေ...အိမ်မှာကသမီးဖေဖေရယ် မေမေရယ်နှစ်ယောက်ထဲ ဘာမှများများစားစားလုပ်စရာမရှိပါဘူးကွယ်.."

ဟုတ်ပါတယ် အိမ်မှာက မေမေနဲ့ဖေဖေနှစ်ယောက်ထဲလေ သဲသက်ချိုကလဲ တစ်ခါတလေမှ ပြန်အိပ်ပီး သူ့ကွန်ဒိုမှာပဲအနေများတာလေ သူမကလဲ မလာဖြစ်ဆိုတော့ မေမေနဲ့ဖေဖေ ဘယ်လောက်တောင်အထီးကျန်နေလိုက်မလဲ ဆိုတာတွေးကြည့်တာနဲ့သိပါသည်..

"ဟယ်...အမေ့သမီးလေးက ဒီဆံပင်လေးနဲ့
လှလိုက်တာ.."

ဒေါ်မြမြချို အသံတိတ်နေတဲ့ သခင့်ကိုလှည့်ကြည့်လိုက်တော့ ဆံပင်ပုံစံchange ထားတာလေးနဲ လိုက့ဖက်နေတဲ့ သမီးဖြစ်သူကိုချီးမွှမ်းလိုက်သည်

"ဒီနေ့ပဲလုပ်လိုက်တာလေ လုပ်ငန်းခွင်ဝင်ဖို့ကျ ပထမ ကျို့တို့ကျဲတဲအရောင်နဲ့ဘယ်လိုက်မလဲ "

"ဟုတ်တာပေါ့သမီးရယ်..ဒီမှာ သမီးကြိုက်တဲ့ ကြက်အသဲ မြစ်လေးချက်နေတာ ကျက်ရင် မေမေတို့မိသားစု ထမင်းတူတူစားကြမယ်နော်.."

"ဟုတ်မေမေ အခုသမီး ခနသွားနားအုန်းမယ်.."

"အေးအေးသမီး.."

သခင် မီးဖိုထဲက ထွက်လာခဲ့ပီး သူမအခန်းစီသို့ပြန်လာခဲ့လိုက်သည်....ယောက္ခမအိမ်နဲ့ မိဘအိမ်နဲ့ကွာခြားမှုက ယှဉ်လို့ပင်မရပါလား...နွေထွေးလှတဲ့
မိဘရင်ခွင်ထဲကနေ အချစ်တစ်ခု၌ရူးမိုက်ပီး
တစိမ်း အိမ်မှာ ကျွန်သွားလုပ်ခဲ့တာ 7 နှစ်တိုင်တိုင်...

မကြွေသောနှင်းဆီWhere stories live. Discover now