မကြွေသောနှင်းဆီ part 11

2K 60 4
                                    

မကြွေသောနှင်းဆီ..part 11

"တီ..တီ..."

ဒေါ်မေလှိုင် အိမ်ရှေ့က ကားသံကြောင့် သားပြန်လာပီအထင်နဲ့ ဧည့်ခန်းထဲကနေ အိမ်ရှေ့သို့ပြေးထွက်လာခဲ့သည်

ဒေါ်မေလှိုင် ထထွက်သွားတော့ ဉီးမိုးလွင်လဲ အနောက်နေလိုက်လာခဲ့လိုက်သည်

"သား...ဟင် ဒီကောင်မ.."

ဒေါ်မေလှိုင် သခင့်အကြောင်း သားဖြစ်သူကို ပြောမလို့ရှိသေး ကားပေါ်ကအရင်ဆင်းလာတဲ့ သခင့်ကြောင့် အရှိန်မပြေသေးတဲ့ဒေါသက ပြန်ထွက်လာသည်

"အခန်းထဲ လိုက်ခဲ့.."

သခင် ကာပေါ်ကခေါင်းငုံ့ကာဆင်းလာတဲ့ ဘုန်းမြတ်ကို
လေသံမာမာဖြင့်ပြောကာ အိမ်ထဲဝင်ကာ အခန်းထဲမှာသွားစောင့်နေလိုက်သည်

"သား နေအုန်း.."

"ဗ်ာ.."

ဘုန်းမြတ်သခင့်နောက်လိုက်ဖို့ခြေလှမ်းပြင်တုန်း မေမေ့ရဲ့ တားစီးခြင်းကိုခံလိုက်ရသည်

"အဲ့ကောင်မနဲ့ အခုကြာလိုက္သား.."

"မေလှိုင်.."

"ရှင်အသာနေ.."

ဉီးမိုးလွင် ဝင်တားဖို့ပြင်တုန်း ဒေါ်မေလှိုင် အော်လိုက်သဖြင့် တိတ်သွားရသည်

"အဲ့ကောင်မ အမေ့ကိုပါးရိုက်တယ်သားရယ်.."

"ဘာ..."

"ဟုတ်တယ် သားရယ် အေမ့ကို မင်းမိန်းမက ပါးရိုက္တာ အမေသူအက်လောက်မိုက်ရိုင်းလိမ့်မယ်လို့ထင်မထားဘူး..."

"မင်းအရင်ရိုက်တာလဲ ထည့်ပြောအုန်းလေကွာ.."

ဉီးမိုးလွင် ချွေးမဖြစ်သူရဲ့မကောင်းကြောင်းကြီးပြောပီးသူလုပ်တာကြ ထည့်မပြောတဲ့ ဒေါ်မေလှိုင် ကို စိတ်ပျက်စွာပြောလိုက်သည်

"တောက်..စ်"

ဘုန်းမြတ် သခင်က အမေ့ကိုပါးရိုက်တယ်ဆိုတာကြောင့် အံလဲအံဩမိသလို ဒေါသလဲ တော်တော် ထွက်သွားရသည် သူဘာမွေတြးမေနေတာ့ပဲ အပေါ်ထပ်က သခင်ရှိရာအခန်းသို့ သူ့ခြေလှမ်းတွေကိုဉီးတည်လိုက်သည် ဘယ္လိုမ်ားလဲ အမြဲသခင်ကအမေ့ကို အမေအရင်းလို ရိုသေပီး ပြောသမျှလဲ ပြုံးပြုံးလေးငြိမ်ခံခဲ့တာ အခုအမေ့ကိုပါးပြန်ရိုက်တယ်တဲ့လား

မကြွေသောနှင်းဆီWhere stories live. Discover now