မကြွေသောနှင်းဆီ part 2

2.5K 39 0
                                    

မကြွေသောနှင်းဆီ  part 2

"တီ..တီ..."

"ကိုကို...ပြန်လာပီလား..."

သခင် မနက်စောစောထပီး ဘုရားပန်းလဲ နေတုန်း ခြံထဲကကားသံကြောင့် ပြေးဆင်းလာခဲ့လိုက်သည်

"ဟာ..အိမ်လေး အစောကြီးထပီး ကို့ ကိုစောင့်နေတာလား..."

"ဘုရားပန်းလဲရင်း ကိုကို့ ကားသံကြားလို့ပြေးဆင်းလာတာ ကိုကိုရဲ့..."

"မိဝါရှိတာပဲ မိဝါကိုခိုင်းပေါ့ ဘာလို့ကိုယ်တိုင်လုပ်နေတာလဲ.."

ဘုန်းမြတ် ဒီအလုပ်တွေကအစ ကိုယ်တိုင်လုပ်နေတာကြောင့် စိတ်တိုတာ လေသံမာသွားရသည် ထက်ထက်မြတ်မြတ်ရှိပီး ငယ်ရွယ်တဲ့ သခင့်ကို သူကိုယ်တိုင်အခုလိုအိမ်ရှင်မပီသအောင်ပုံသွင်းခဲ့ပေမဲ့ အခုကျသူစိတ်ပျက်ချင်လာသည်

"အော်ကိုရယ် ကိုယ်တိုင်လုပ်တော့ ကုသိုလ်ရတာပေါ့
အိတ်ပေးသခင့်ကို..."

"ဟူးးးး"

ဘုန်းမြတ်သူ့လက်ထဲက အိတ်ကိုယူကာထွက်သွားတဲ့ သခင့်ကိုကြည့်ရင်း စိတ်ထဲကတွေးမိပါသည်
သဲသက်ချိုဆို ထက်လဲထက်မြတ်သည် လှလဲလှသည်
sexyလဲကျသည်တရားဝင်မိန်းမသခင်ကတော့ အသားလေးဖြူပီး အကြည်ဓာတ်လေးကြောင့်သာချစ်ဖို့ကောင်းသည် သဲသက်ချိုနဲ့ယှဉ်ရင်တော့
ဟိုကအသာကြီးပင် ...

......
"ကိုကို....မနက်ဖြန်ဘာနေ့လဲသိလား..."

"ဟင်.."

သခင် လက်တော့စ် တစ်လုံးနဲ့အလုပ်ရှုပ်နေသည့် ကိုကို့အနားသို့သွားကာ မေးလေးထောက်ပီးမေးလိုက်သည်

"ဘာနေ့လဲသခင် ကိုကိုမသိဘူး.."

ဘုန်းမြတ် သဲသက်ချိုကိုအချိန်ပေးပီး အလုပ်တွေပစ်ထားမိလို့ လူအိပ်ချိန်မှ ကုန်းရုန်းလုပ်နေရသည်
လုပ်နေရင်းပင် သခင်က မေးလာတာကြောင့် သူလဲအလုပ်ရှုပ်နေတာမို့  လွယ်လွယ်ပင်ဖြေလိုက်တော့သည်

"ဟင့်..."

ကိုကိုက သခင်တို့ရဲ့ 7နှစ်ပြည့်နှစ်ပတ်လည်တောင်မမှတ်မိဘူးဆိုတော့ သခင်ဝမ်းနည်းမိကာ ကိုကို့အနားမှထွက်လာပီး ကုတင်ပေါ်တွင်သွားလှဲနေလိုက်သည်

မကြွေသောနှင်းဆီWhere stories live. Discover now