မကြွေသောနှင်းဆီ part 17

2.1K 72 2
                                    


မကြွေသောနှင်းဆီ part 17

"သမီးတကယ်လိုချင်တာလား..."

ဉီးထည်ဝါ ရယ်နေရာကနေ ရပ်လိုက်ပီး အသံတည်တည်နဲ့ သခင့်ကိုပြန်မေးလိုက်သည်

"တကယ်ပေါ့ ဖေဖေရဲ့ သမီး ကို ကြိုးစားခွင့်ပေးစေချင်တယ် ဖေဖေသမီးကိုယုံရင်ပေါ့..."

"ယုံတာပေါ့ ဒီသမီးမှ မယုံရင် ဖေဖေက ဘယ်သူ့ကိုသွားယုံရမှာလဲ ကုမ္မဏီ ကိုသမီးလေ့လာပီးတာနဲ့ ချက်ချင်းလွှဲပေးမယ် ဖေဖေလဲ အနားယူချင်တာကြာပီ အခုငါ့သမီးလေးက ပြန်လုပ်ကျွေးတော့မယ်ဆိုတော့
​​​ဖေ​ေဖပျော်တာပေါ့.."

"မလေ့လာတော့ဘူးဖေဖေ သမီး အကုန်သိပါတယ် လုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ အခန်းထဲအောင်းနေတဲ့အချိန်အတွင်းမှာ
အကုန်လေ့လာထားပီးပီ သမီးအဆင်သင့်ဖြစ်ပီ ဖေဖေ.."

"ဟုတ်ပီသမီး အက်တာဆို မနက်ဖြန် (...)ရုံးမှာထိုင်တဲ့
ဉီးဝင်းမြင့် စီကို လွှဲပြောင်းမဲ့ ကိစ္စလေးသွားပြောပေး
ဖေဖေ ဖုန်းဆက်ပြောလို့ရပေမဲ့ သူကတစ်ခါတလေမအားတာရယ်  ဉီးဝင်းမြင့်က ဖေဖေစုထားတဲ့ ဝိုင်တွေထဲက တစ်ပုလင်းလက်ဆောင်တောင်းထားတာရှိတယ် တစ်ခါထဲ ယူသွားပေး "

"ဟုတ်ကဲ့ဖေဖေ သမီးသေချာပေးလိုက်ပါမယ်.."

သခင် ဖေဖေ့အားပြုံးကာပြန်ပြောလိုက်ပီး သူမအခန်းသို့ပြန်ဖို့အလုပ်..

"သမီးလေး..."

အနောက်ကမေမေ့ ခေါ်သံကြောင့် သခင် ချက်ချင်းပြန်လှည့်ကြည့်လိုက်သည်

"ရှင် မေမေ.."

"သမီး​လေး အဆင်ပြေရဲ့လား "

ဒေါ်မြမြချို သမီးလေးရဲ့ ရင့်ကျက်လှတဲ့အပြုအမူ အပြောအဆိုကြောင့် သမီးလေးကို ဂရုနာသက်စွာမေးလိုက်သည်

"ပြေတာပေါ့မေမေရဲ့ ဘာလို့ မပြေရမှာလဲ "

သခင်ပြောလိုက်တော့ မေမကေ သခင့်ကိုဂရုနာသက်စွာကြည့်နေသည် ငြိမ်နေတဲ့ဖေဖေနဲ့မေမေကို တစ်ချက်ကြည့်လိုက်ရင်းး

"ကိုယ့်ကိုစွန့်ပစ်ဖို့ကြိုးစားနေတဲ့ ယောကျာ်းတစ်ယောက်ကို ကိုယ့်ဘက်က အရင်စွန့်ပစ်လိုက်ရတာလဲ အောင်မြင်ခြင်းတစ်မျိုးပဲ..လေ.."

မကြွေသောနှင်းဆီWhere stories live. Discover now