မကြွေသောနှင်းဆီ part 16

1.8K 70 3
                                    

" ကျွန်မ အခုထွက်သွားတာ ရှင့်အိမ်ကပဲမဟုတ်ဘူး
ရှင့်ဘဝထဲကပါ ထွက်သွားတာ ဒီမိန်းမကို ရှင်ဘယ်တော့မှ ပြန်မရတော့ဘူး ရှင် ကျွန်မကိုထားခဲ့ပီး အဲ့မိန်းမစီ ထွက်သွားတဲ့ညထဲက ရှင်နဲ့ကျွန်မရဲ့ နှောင်ကြိုးကပြတ်သွားပီ ကိုဘုန်းမြတ်မင်း... "

သခင် ဘုန်းမြတ်ကိုအေးစက်စက်မျက်ဝန်းများဖြင့် နောက်ဆုံးကြည့်ကာ ဖေဖေရယ်မေမေရယ်နဲ့ အတူ ထိုအိမ်မှ ထွက်လာခဲ့သည်..

ဘုန်းမြတ် သခင်ပြောခဲ့တဲ့စကားတွေက သူ့ရင်ကိုတိုက်ရိုက်ထိသွားရပီး ထိုနေရာမှာပင် ငူငူကြီးကျန်နေခဲ့သည် သခင် သူ့ကိုတကယ် စိတ်နာသွားပီ
အမြဲ ကလေးဆန်ဆန် ရီမောနေတတ်တဲ့ ကောင်မလေးက အခုဆိုအေးစက်သွားရပီ ဒါတွေက သူ့ကြောင့်ပဲလေ ....

"မောင်..."

"ဟင်.."

သဲ ငူငူကြီး ကျန်နေခဲ့တဲ့ မောင့်ရဲ့ လက်မောင်းလေးကို ​ကိုင်ကာ နူးညံ့ သောအသံလေးဖြင့် ချိုသာစွာခေါ်လိုက်သည်

"ပြီးတာတွေလဲ ပြီးသွားပီပဲ မောင်ရယ် အခုသဲရှိတာပဲ မောင်လဲသဲကိုချစ်တယ် သဲလဲမောင့်ကိုချစ်တယ်လေ
အခုတို ဉီးထည်ဝါရဲ့ မျက်နှာကိုကြည့်ပီးနေစရာလဲမလိုတော့ဘူး သဲနဲ့အတူကြိုးစားကြမယ်လေနော်..."

"ဟုတ်တယ်လေ သားရယ် သမီးသဲသက်ချိုက သခင့်ထက်အများကြီးသာတာပဲ အမေလဲ ဟိုအဘိုးကြီးရဲ့မျက်နှာကြောတင်းတင်း ကို မြင်ကိုမမြင်ချင်တာ သခင်ဆိုလဲ ငါ့အသိုင်းအဝိုင်းထဲ ချပြမယ်ဆို နောက်ခံဂုဏ်ပဲရှိတာ သူတို့ချွေးမတွေ သမက်တွေ အဘာပ်အကြောင်းကြွားပီဆို ငါ့မှာနှုတ်ပိတ်နေရတာ
အဲ့ထဲက ငါသူ့ကိုစိတ်ပျက်တာ ဘာအရည်အချင်းမှ မရှိဘူး "

ဘုန်းမြတ် အမေတို့ ပြောတာကိုနားထောင်ရင်း တွေးမိသည် ဟုတ်လဲဟုတ်ပါတယ်လေ သခင့်ကို သူချစ်ပေမဲ့ သူသဲကို ပိုစွဲလမ်းသည် အခု သဲက သူ့အနားမှာရှိနေပီ သခင်ကလဲ သူ့အလိုလို ထွက်သွားပီ ဆိုတော့လဲ
သူ ကံကြမ္မာရဲ့ အလိုကျ မီးစင်ကြည့်ကရတော့မှာပေါ့
သခင့်ကိုဆုံးရှုံးလိုက်ရပေမဲ့ အနားမှာ အရာရာပြည့်စုံတဲ့ သဲရှိနေတာကြောင့် သူထူးထူးခြားခြားမခံစားရပေ

မကြွေသောနှင်းဆီWhere stories live. Discover now