တောင်းပန်စာ

83 5 0
                                    

တောင်းပန်စာလေးအရင်ရေးလိုက်ပါရစေ။

စာရေးသူS3 ကိုတစ်ပတ်ဆိုပြီးအချိန်တွေအများကြီးယူမိလိုက်ပါတယ်။အကြောင်းရင်းကစာရေးသူခရီးသွားလိုက်လို့ပါ။ခြေဖဝါးမှာမှဲ့ပါတဲ့စာရေးသူဟာတောင်ကိုခရီးသွားရင်အရှေ့၊ အနောက်၊ မြောက်တွေကိုပါအကုန်ရောက်သွားတတ်တဲ့သူပါ၊ဒါကြောင့်ပေးထားတဲ့တစ်ပတ်ဆိုတဲ့ဂတိကိုမတည်နိုင်ဖြစ်သွားခဲ့ရပါတယ်။ဒီအတွက်လည်းစာရေးသူဘက်ကနေ အနူးအညွတ်ကိုတောင်းပန်ပါတယ်။နောက်တစ်ခုထပ်တောင်းပန်ချင်မိသေးတာက အင်တာနက်တွေ ဖြတ်တောက်ခံရပြီးအပိုင်းသစ်တွေကြားရက်ရှည်သွားရရင်နားလည်ပေးဖို့ပါ။ပထမဆုံးကြိုးစားမှု့ဖြစ်တဲ့အတွက် လိုအပ်ချက်တွေအများကြီး ရှိနေသေးတာကိုလည်း စာရေးသူဘက်ကနေ ထပ်လောင်းတောင်းပန်ပါရစေ။တောင်းပန်ခြင်းတွေနှင့်အတူနောက်များ,နောက်များမှာ သည်ထက်ပိုကောင်းအောင် ကြိုးစားဖန်တီးပေးသွားပါ့မယ်။ဒါ‌ကြောင့် နောက်ရေးသားမဲ့ စာလေးတွေကိုလည်း ဖတ်ရှုပေးကြဖို့ စာရေးသူဘက်ကနေ တောင်းဆိုလိုက်ပါရစေ။အယောက်တိုင်းကိုကျေးဇူးတင်ပါတယ်နော်။စာရေးသူ ရေးသားလိုက်တဲ့စာလေးတွေက စာဖတ်သူတို့ကို အများကြီးမဟုတ်တောင် မဆိုစလောက်လေး အပျင်းပြေသွားစေခဲ့မယ်ဆိုရင်ကိုစာရေးသူက အတိုင်းမသိ ပျော်ရွှင်‌နေရပါပြီ။ပျော်ရွှင်ချမ်းမြေ့သာယာကြပါစေလို့ စာရေးသူက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

                     သွန်းသဇင်

.........................................



                     သွန်းသဇင်

မောင့်ရှင်သန်ရာ S3Where stories live. Discover now