...
...
...
(unicode )
ခင်မမမျိုးကုတင်ပေါ်မှဆင်း၍အိမ်အောက်ထပ်အခြေအနေအားပြတင်းတံခါးပေါက်မှနေ၍အရင်ဆုံးအကဲခတ်လိုက်သည်။အသံတွေတိတ်နေသည့်အိမ်အောက်ထပ်ကြောင့်သူမခြေဖော့ကာလှေကားထိပ်သို့လျှောက်လာခဲ့သည်။ပိုသေချာစေရန်လှေကားထိပ်မှနေ၍အောက်ကိုထပ်ကြည့်လိုက်ပြန်သည်။လူရိပ်သူခြေကိုမတွေ့ရတော့ပေမဲ့လည်းအသံတစ်သံကိုတော့သူမပြုကြည့်လိုက်သည်။
"အနွယ်!...အနွယ်!!..ရှိသေးလား!"
တုန့်ပြန်သံမကြားတော့မှလှေကားထိပ်ကနေအိပ်ခန်းဆီသို့သူမပြန်လာခဲ့သည်။သူမတို့အခန်းကိုကျော်၍ရန်နောင်းစံတို့အခန်းဘက်ကိုဆက်လျှောက်လာခဲ့သည်။သော့မခတ်ထားသည့်၊သော့ခလောက်သာချိပ်ထားသည့်ရန်နောင်းစံတို့အခန်းတံခါးကိုအသာလေးသူမတွန်းဖွင့်ကာဝင်လိုက်သည်။နောက်ပြန်လှည့်လိုက်ပြီးတံခါးကိုအသာလေးသူမပြန်စေ့ထားလိုက်သည်။နောက်မှာတော့သူမအဝတ်ဗီရိုကြီးနားသို့တရွေ့ရွေ့ချည်းကပ်သွားလိုက်သည်။သူမပုံစံမှာခိုးကြောင်ခိုးဝှက်နိုင်လှသည်။သော့ခတ်ထားသည့်ဗီရိုတံခါးကြောင့်သူမအကြပ်ရိုက်သွားရသည်။သူမ,မနေ့ညကရန်နောင်းစံတို့အခန်းရှေ့အတော်အဆဖြတ်မိရင်းကြားလိုက်ရသည့်အခန်းတွင်းမှစကားသံကြောင့်တိတ်တိတ်လေးနံရံနားကပ်ကာခိုးနားထောင်ခဲ့သည်။ပမာဏတော်တော်များသည့်ပိုက်ဆံကိုအနွယ်အားသေချာသိမ်းထားဖို့ပြောရင်းအပ်နေသည့်ရန်နောင်းစံစကားကိုသူမနားဖြင့်ဆတ်ဆတ်ကြားလိုက်ရတော့သည်။လောင်းကစားဝါသနာပါသည့်သူမမှလက်လွန်ထားသည့်ငွေပမာဏမှာခုဆိုအတိုးပေါ်အတိုးဆင့်လို့နေပြီဖြစ်သည်။ထိုအတွက်ကြောင့်သူမ,မလုပ်သင့်မှန်းသိပေမဲ့မတတ်နိုင်တော့။လင်ဖြစ်သူမှာခရီးတစ်ခါထွက်လျှင်လနှင့်ချီကာကြာတတ်သည်။ထိုနည်းတူရန်နောင်းစံမှာလည်းသူမလင်ဖြစ်သူလောက်မကြာတတ်ပေမဲ့တစ်ပတ်မှတစ်ခါလောက်သာအိမ်တွင်ရှိတတ်သည်။ကြားရက်တွေသည်ဖားကန့်မှာသာအနေများသည်။ယင်းကြောင့်အိမ်တွင်အနွယ်တစ်ယောက်သာကျန်ခဲ့တတ်သည်။ဤအခြေအနေကိုအခွင့်ကောင်းယူကာသူမသည်ရပ်ကွက်ထဲရှိတရားမဝင်လောင်းကစားအိမ်သို့အနွယ်ကိုဆင်ခြေအမျိုးမျိုးပေးကာရောက်,ရောက်သွားတတ်သည်။ရိုးသားလွန်းသည့်အနွယ်သည်သူမအားနည်းနည်းမှသံသယမဝင်ပါပဲ၊သူမပေးသည့်ဆင်ခြင်စကားတွေကိုသာတစ်ထင့်ချအကုန်ယုံသည်။ဤသည်ကပဲသူမအားလောင်းကစားလုပ်ရန်ပိုတွန်းအားပေးလိုက်သည့်နှယ်၊နေ့တိုင်းလိုလိုကိုပင်လောင်းကစားအိမ်သို့သူမရောက်ဖြစ်နေရသည်။အနွယ်ကားနောက်ပိုင်းဆိုအိမ်စရိတ်ကိုပင်မယူတော့သောကြောင့်သူမလက်ထဲတွင်ငွေသည်အရင်ကထက်ကိုပင်ပိုလို့ရွှင်ခဲ့သည်။လက်ထဲငွေရှိလျှင်လောင်းကစားအိမ်သို့မျက်စောင်းထိုးကာလက်ယားနေတတ်သည့်သူမသည်ထိုင်မိပြီဆိုလျှင်မထတော့ပေ။သူဌေးဖြစ်ခွေးဖြစ်ကိုပင်ဆော့သည်။ထိုကျေးဇူးကားသူမအပေါ်သို့အကြွေးပေါင်းများစွာတင်သွားစေခဲ့သည်။ဗီရိုတံခါးသော့ကိုသူမအခန်းတွင်းမွေနှောက်ရှာလိုက်သည်။ဘယ်နေရာမှာမှရှာလို့မတွေ့သောကြောင့်အနွယ်ယူသွားတာဖြစ်နိုင်သည်ဟုတွေးမိလိုက်သည်။သူမသည်ဗီရိုကိုဘယ်လိုဖွင့်ရပါ့ဟုတွေးရင်းနဖူးထက်သို့ချွေးများစို့လာရသဖြင့်လက်ခုံဖြင့်သုတ်လိုက်သည်။ကုတင်ပေါ်ထိုင်နားလို့ခနပင်အမောဖြေလိုက်မိသည်။ကိုယ်လေးလက်ဝန်ကြီးနှင့်ဖြစ်နေသည်ကြောင့်ဘာလုပ်လုပ်သူမမှာမလွတ်မလပ်ဖြင့်မောပန်းလွယ်နေရသည်။အမောပြေသွားရတော့မှပိတ်လှောင်နေသည့်ညဏ််မှာပွင့်သွားခဲ့ရပြီး၊အကြံတစ်ခုဖြတ်ကနဲပေါ်လာခဲ့သည်။ဝမ်းသာအားရဖြင့်သူမကုတင်ပေါ်မှဆင်းကာအောက်ထပ်သို့ဆင်းလာခဲ့သည်။စတိုခန်းထဲသို့ဝင်၍တူကိုရှာလိုက်သည်။ပစ္စည်းအဟောင်းများသာထားသည့်စတိုခန်းဖြစ်သောကြောင့်ရှုတ်ပွနေသည်။သမီးကြီး၏စက်ဘီးအဟောင်းသည်ပင်နံရံကပ်ထောင်ခံထားရပြီးအဖော်မဲ့နေလေသည်။ပစ္စည်းပုံတွေကြားဖြဲယှဲရှာနေရသည့်အတွက်သူမနှာခေါင်းထဲသို့ဖုန်မှုန့်များအလုံးအရင်းကိုတိုးဝင်လာကြသည်။တဟွတ်ဟွတ်ဖြင့်ခေါင်းဆိုးရင်းသူမပါးစပ်ကိုလက်ဝါးဖြင့်အုပ်ပိတ်လိုက်သည်။ဗိုက်ထောက်ကာကုန်းကုန်းကွကွဖြင့်ပစ္စည်းရှာချိန်မှာကြာမြင့်လာသည့်အတွက်သူမခါးနာလာ၍ခါးအားတစ်ချက်ဆန့်လိုက်မိသည်။နောက်တွင်ပြန်ကုန်းကာဆက်ရှာလိုက်တော့ပစ္စည်းပုံတွေကြားထဲကနေတူကိုတွေ့လိုက်ရသည်။သူမဝမ်းသာသွားလိုက်တာများသူမမှာကိုယ်ဝန်ရှိနေတာကိုတောင်မေ့သွားရသည့်အထိကိုထခုန်လိုက်မိသည်။လက်ထဲကတူကိုကျစ်နေအောင်ကိုင်ကာသူမအိမ်အပေါ်ထပ်သို့ပြန်တက်လာခဲ့သည်။ရန်နောင်းစံတို့အခန်းထဲပြန်ဝင်လိုက်ပြီးလက်ထဲကယူလာသည့်တူဖြင့်သော့ခလောက်ပေါ်ကိုအားရပါးရထုလိုက်သည်။သည်ပိုက်ဆံတွေကိုသူမရပြီးတာနဲ့အကြွေးကိုချက်ခြင်းသွားဆပ်လိုက်မည်။အိမ်ကိုလဲမသွားခင်ပွနေအောင်ဖွထားခဲ့လိုက်မည်။ရန်နောင်းစံတို့ဘုန်းကြီးကျောင်းမှပြန်လာလောက်မည့်အချိန်ကိုမှန်းဆတွက်၍သူမကထိုထက်နဲနဲလေးနောက်ကျပြီးမှအိမ်ကိုပြန်လာမည်။ဒီလိုဆိုရန်နောင်းစံမှသူမကိုသံသယဝင်တော့မည်မဟုတ်။အိမ်သူခိုးအဖောက်ခံလိုက်ရတာဟုပင်ထင်ပေလိမ့်မည်။သူမအတွေးကိုသူမသဘောကျမိသွားရ၍ကြိတ်ပြုံးလိုက်မိသည်။