...
...
...(unicode )
နောက်တစ်နေ့ မနက်တွင် တက်ကြွစွာဖြင့် အိပ်ရာမှ သူ စောစောထသည်။သူ ထသည့်အချိန်တွင် ကိုကိုသည် အိပ်နေဆဲ ဖြစ်သည်။ နာရီကြည့်မိလိုက်တော့ မနက် ခြောက်နာရီသာ ရှိသေးသည်။လှိုင်းလေးနှင့် တွေ့ရမည့်အရေး၌ ရင်ခုန်နေသဖြင့် တစ်ညလုံးလည်း သူ ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။အခုမနက် ရောက်ပြန်တော့လည်း စောစော နှိုးနေပြန်သည်။လှိုင်းလေးနှင့်ချိန်းထားသည့်အချိန်မှာ နေ့လယ်စာ စားချိန် ဖြစ်သည်။မနက်ပိုင်းတွင် ကိုကိုမှ သွားစရာတစ်ခု ရှိနေသည်ကြောင့် နေ့လယ် ချိန်းလိုက်ခြင်း ဖြစ်ကြောင်း သူ့အား ပြောပြသည်။ အိပ်ပျော်နေသည့် ကိုကိုမျက်နှာ နားသို့ သူတိုးကပ် ကြည့်လိုက်သည်။ချောမောလွန်းသည့်ကိုကိုသည် ပြီးပြည့်စုံလွန်းသည်။မည်သည့် အစိပ်အပိုင်းတို့ကိုမှ ပြန်ထပ်ဖြည့်စရာမလိုသည့် အလှပိုင်ရှင်လေး တစ်ယောက် ဖြစ်သည်။မေးထောက်ကြည့်နေသည့် သူ့အား အိပ်ဟန်ဆောင်နေသည့် ကိုကိုမှ မွေ့ရာပေါ်သို့ ဆွဲလှဲ ချလိုက်သည်။ နောက် သူ့လည်ပင်းကြားသို့ မေးဖြင့် ထိုးသည်။
"အား!!!..ကိုကို..ဟီး..ယားတယ်!!။ယားတယ်လို့!!!"
သူဘယ်လောက်အော်အော် ကိုကိုသည် လွှတ်မပေးချေ။ရီရလွန်း၍ သူ့ဗိုက်ကြောများပင် နာလာသည်။နောက်ဆုံး ကိုကို့ဂွေးစိအား သူညစ်လိုက်တော့မှ "ဟိတ်ကောင်"ဟု အော်ကာ လွှတ်ပေးလာလေတော့သည်။ကိုကို့ပုံစံအား ကြည့်၍ သူ တဟီးဟီးနှင့် သဘောကျ နေမိသည်။ရီနေသည့် သူ့ကိုယ်ပေါ် မှောက်၍ ကိုကိုသည် ပြန်အိပ်နေပြန်သည်။သူကိုကို့အား ဘေးသို့ တွန်းချလိုက်သည်။ပြုတ်ကျသွားသည့် ကိုကိုသည် သူ့အား ရင်ခွင်ထဲ သွင်းလိုက်သည်။
"ကိုကို ထတော့လေ"
ကိုကို့ ရင်ခွင်ကြားမှ သူ အတင်းရုန်းကန် ထလိုက်ပြီး ကိုကို့လက်အားဆွဲ၍ ထရန် ပြောလိုက်သည်။ ကိုကို လက်ဆန့်တန်းလျက်ကြီးဖြင့် ထထိုင်လာသည်။နောက် သူ့အား ဖတ်၍ ရင်ခွင်ထဲသို့ ထည့်ကာ အားဖြင့် ညစ်ပြန်သည်။
"ကိုကို အသက်ရှူကြပ်တယ်လို့"
"မောနီး။ယောင်္ကျား"