...
...
...
(unicode )
"ကျွတ်"
စုပ်သံတစ်ချက် ပြုပြီးနောက်၌ ကောင်လေး သူ့ကို မကြည် ကြည့်ဖြင့် လှည့်ကြည့်လာသည်။
သူအဲ့သည်ည ပြီးကတည်းက ထွက်ပြေးမိရာ ထွက်ပြေးခဲ့သည်မှာ သည်နေ့နှင့်ဆို မြစ်ကြီးနား၌ သောင်တင်နေသည်မှာ တစ်ပတ်ပင် ပြည့်လုရော့မည်။သူ မြစ်ကြီးနားသို့ မရောက်ခင် တစ်မြို့ပြီး တစ်မြို့သို့ ပြောင်းပြေးနေခဲ့သည်။နောက်ဆုံးတွင် မြစ်ကြီးနားမြို့၌ အဆုံးသတ်သွားကာ သောင်တင်နေလေတော့သည်။ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ သွား၍ ကျောင်းထိုင်ဘုန်းကြီးကို လျှောက်ကာ သူနေစရာ တစ်နေရာလေးများ ရနိုင်မလားဟု တောင်းခဲ့လေသည်။ယခုဆို ကျောင်း၌ ကျောင်းဝေယျာဝစ္စများလုပ်ကူပေးရင်း ကျောင်းသားများနှင့်ပင် သူ ပျော်နေရပြီ ဖြစ်သည်။ သူ မနက်စောစောထ၍ ကျောင်းသားများ ဆွမ်းလိုက်ကောက်ရာ နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။ကျန်နေ့များတွင်မူ သူက ကျောင်း၌ ကျန်ခဲ့ကာ ဝေယျာဝစ္စများ လုပ်နေလေသည်။အဓိကက သူကျောင်းပြင်ပသို့ မထွက်ချင်၍ ဖြစ်သည်။သည်နေ့မှ သူ ဘာစိတ်ကူးပေါက်ရသည် မသိ။ ဆွမ်းလိုက်ကောက်ရာ နောက်သို့ ခြေဖဝါး တယားယားဖြင့် လိုက်ချင်နေမိသည်။
ခြေလျင်လျှောက်၍ ဆွမ်းလိုက်ကောက်ရသဖြင့် မနက်ငါးနာရီထသွားလေမှ ကျောင်းသို့ ဆွမ်းစားချိန် အမှီ ပြန်ရောက်သည် ဖြစ်သည်။ ပုံမှန်သွားနေကျထက် အချိန်နည်းနည်းလေးများ နောက်ကျလိုက်မိလျှင်ဖြင့် ထိုနေ့၌ ဘုန်းဘုန်းများ ဆွမ်းငတ်ကိန်းနှင့် ကြုံသွားနိုင်သည်ဖြစ်ရာ မနက်တိုင်း ဆွမ်းကောက်အဖွဲ့မှ စောစောထကြရသည်။သူတို့အဖွဲ့ အထက်တန်းကျောင်း တစ်ကျောင်းနှင့် နီးသည့် လမ်းမပေါ်သို့ ရောက်လာခဲ့ကြသည်။ကျောင်းသို့ ဆွမ်းစားချိန် မရောက်ခင် နာရီဝက်အလို အချိန်ကွက်တိ အမှီပြန်ရသည်ဆိုကာမှ လမ်းသွားလမ်းလာများ အပြင်ကို ကျောင်းသူ ကျောင်းသားများဖြင့် ရှုတ်ယှက်ခတ်နေချိန်နှင့်မှ သူတို့အဖွဲ့က ကွက်တိ တိုးရလေခြင်း။