...
...
...
(unicode )
"သွားရအောင် ကိုနွယ်နောင်း ကျွန်တော် ကိုနွယ်နောင်းအဝတ်အစားတွေနဲ့လိုအပ်တာတွေ အကုန်ပြင်ဆင်လာခဲ့ပြီးပြီ"
မိုးထိ သူ့ဘေးမှ ထွက်သွားသည်ကိုပင် သူသတိမထားမိသည်အထိ မောင့်အကြောင်းများက သူ့ခေါင်းအား စိုးမိုးထားလေသည်။ဒါကိုတောင် သူကရှောင်နေမိခဲ့တယ်တဲ့လား။အသက်မဲ့နေသည့် ခန္ဒာကိုယ်ကြီးအား အသိစိတ်မဲ့နေသည့်စိတ်မှ စတင်လှုပ်ရှားစေလိုက်သည်။ယင်းကြောင့်သူထရပ်ကာ ခြေလှမ်းအားစရွေ့သည်။အပြင်၌ရပ်ထားသည့်ကားပေါ်သို့ သူတက်သည်၊မိုးထိသူ့ဘေးသို့ ဝင်ထိုင်လာပြီးနောက် ကားလေးသည် လေဆိပ်သို တရိပ်ရိပ်ပြေးလေသည်။လေဆိပ်ရောက်လာသော်ငြားလည်း သူသည် အိမ်မှစထွက်လာခဲ့သည့်အတိုင်း အသက်မဲ့နေဆဲဖြစ်သည်၊လေဆိပ်အတွင်းသို့ပင် မိုးထိ ဆွဲခေါ်သွား၍ ရောက်သွားရခြင်းဖြစ်သည်။ကြားထဲ၌လည်း သူဘာတစ်ခုကိုမျှ ခံစားမိခြင်း၊သတိထားမိခြင်းမရှိပေ။မိုးထိဆွဲခေါ်ရာနောက်သာ သူ တောင့်တောင့်ကြီး ပါလာခြင်းဖြစ်သည်။သူသတိထားမိလိုက်ချိန် သူသည်လေယျာဉ်ပေါ်သို့ ရောက်နေရပြီဖြစ်သည်။
"ကိုနွယ်နောင်း ဘော့စ်က သည်ဂျပန်လေကြောင်းလှိုင်းတစ်လှိုင်းကို ဝယ်ထားတာ သိပ်မကြာသေးဘူး။ကိုယ်ပိုင်လေယာဉ်ဖြစ်တဲ့အပြင်ကို ဂျပန်ထိတိုက်ရိုက်ပျံသန်းမှာဖြစ်လို့ ကိုနွယ်နောင်း စိတ်ရှိသလို နေလို့ရပါတယ်။ငိုချင်ငိုချလိုက်ပါ။ဘယ်သူ့ကိုမှ အားနာနေစရာ မရှိပါဘူး။သည်လိုမှမဟုတ်ပဲ ကိုနွယ်နောင်းစိတ်ကို အနားပေးတဲ့အနေနဲ့ အိပ်ပြီးလိုက်ချင်လည်း လိုက်ခဲ့လို့ရပါတယ်။ဟိုရောက်တော့ ကျွန်တော်နိုးပေးပါ့မယ်။ကိုနွယ်နောင်း ဘယ်လောက်ထိ ခံစားနေရမလည်းဆိုတာကို ကျွန်တော်နားလည်သလို ကိုယ်ချင်းလည်းစာပါတယ်။ အရင်တစ်ခါတုန်းကတောင် ကိုနွယ်နောင်းတောင့်ခံလာနိုင်ခဲ့သေးတာပဲ သည်တစ်ခါလည်း ကိုနွယ်နောင်း ဖြတ်ကျော်သွားနိုင်မှာပါ။နောက်ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို ဘော့စ်က ကိုနွယ်နောင်း ပျော်နေတာကိုပဲ မြင်ချင်နေတဲ့ လူတစ်ယောက်ပါ"