အပိုင်း-2

33 0 0
                                    

...

...

...

(unicode )

"မိန်းမရေ!!...မိန်းမ!!.....။မပြီးသေးဘူးလားကွ!...။ဒီမှာ ကိုမှတ်ကြီးတောင်ရောက်လို့ပစ္စည်းတွေတောင်စုံလို့နေပြီ!"

ရန်နောင်းစံကိုမှတ်ကြီးဆိုက္ကားပေါ်သို့ဟင်းရည်ပုံးတင်ရင်းအပေါ်ထပ်ကိုလှမ်းကြည့်လို့အော်လိုက်သည်။ဟင်းချက်အလွန်ကောင်းသည့်မိန်းမဖြစ်သူ၏လက်ရာအားဘုန်းဘုန်းတို့ကိုသူဘုန်းခိုင်းချင်လှပြီဖြစ်သည်။ဖြစ်နိုင်လျှင်ဘုန်းကြီးကျောင်းရောက်သည်နှင့်တရားပင်အရင်မနာပါပဲတန်းကိုဘုန်းဘုန်းတို့အားဘုန်းခိုင်းလိုက်ချင်မိ၏။ဒီနေ့တွက်နေ့ဆွမ်းကိုသူယူလိုကြောင်းလွန်ခဲ့သည့်တစ်ရက်ကျော်ကတည်းကနေပင်ဘုန်းကြီးအားကြိုလို့လျှောက်ထားခဲ့ခြင်းဖြစ်သည်။ဟင်းချက်အလွန်ကောင်းသည့်မိန်းမဖြစ်သူမှာလည်းသားဖြစ်သူ၏မွေးနေ့ကိုအကြောင်းပြု၍ဘုန်းဘုန်းတို့ကိုလက်ရာကောင်းကောင်းလေးဘုန်းစေချင်ပုံရသည်။မနက်အစောကြီးထလို့ဈေးသို့သွားကာဝယ်ခြမ်း၍စိတ်ကြိုက်ရှယ်ချက်ထားသည်။သွားချိန်ကနီးနေပြီကိုအောက်ဆင်းမလာကြသေးသည့်မိန်းမဖြစ်သူနဲ့သားတော်မောင်ကြောင့်သူနောက်တစ်ခါထပ်၍အော်ခေါ်လိုက်ပြန်သည်။

"မိန်းမရေ!!....."

"လာပါပြီရှင်!!...လာပါပြီ!!..။ဒီမှာအကို့သားကပုဆိုးမဝတ်ချင်ပါဘူးဆိုပြီးဂျီတိုက်နေလို့မနည်းချော့မော့ပြီးဝတ်ပေးနေရတာ။ဘယ်လိုဖြစ်လို့ဒီလောက်လောနေရတာလဲ"

အပေါ်မှပြန်အော်ပြောလာသံကိုသူကြားလိုက်ရပေမဲ့လူကိုတော့မမြင်တွေ့ရသေးပေ။

"မလောလို့ရမလား...မိန်းမရဲ့။တရားလဲနာရဦးမယ်။ခုကတည်းကနေသွားထားမှဟိုရောက်တော့ပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားလို့ရမှာပေါ့။မဟုတ်ရင်ဘုန်းဘုန်းတွေကကိုတို့တွေကိုပြန်စောင့်နေရပြန်ဦးမယ်"

"အကိုရယ်...ခုမှ...ရှစ်နာရီတောင်မထိုးသေးပါဘူး။ဘုန်းဘုန်းဖြင့်တရားကို...ကိုးနာရီလောက်မှစနာတာကို"

"ဘုန်းဘုန်းလောက်ဆိုဘာအရေးလဲ။မိန်းမဖိတ်ထားတဲ့...ရပ်ကွက်ထဲကအန်တီကြီးတွေပဲပြောမဆုံးပေါင်တောသုံးထောင်ဖြစ်ကြမှာ"

မောင့်ရှင်သန်ရာ S3Where stories live. Discover now