...
...
...
(unicode )
"မောင့်ရှင်သန်ရာလေးက သည်မှာတစ်ယောက်တည်းထိုင်ပြီး ဘာလို့ဝမ်းနည်းတကြီး ငိုနေရတာလဲ"
ကြားလိုက်ရသည့်မောင့်အသံကြောင့် သူခေါင်းမော့ကြည့်လိုက်သည်။မြင်လိုက်ရသည့် အပြာရောင်မှုံဝါးဝါးကြောင့် မျက်ရည်များအား လက်ခုံဖြင့်သုတ်ကာ မောင်ဟုတ်မဟုတ်၊သေချာ မသေချာ အတည်ပြုကြည့်လိုက်သည်။
"ဟင်..."
မြင်လိုက်ရသည့်အပြာရောင်သည် အရောင်ခြင်းတူသော်ငြားလည်း ဝတ်စုံခြင်းမှာ မတူတော့ပေ။အနောက်တိုင်းဝတ်စုံပြည့်ဖြင့် ခမ်းနားလှပနေသည့်မောင်သည် ခေါင်းမှ အဆောင်းပင်မရှိတော့ချေ။သပ်ရပ်စွာ ဖြီးတင်ထားသည့် ဆံပင်နှင့်အတူ မောင်ဆိုသည့်သူ့မောင်သည် အရင်လို ခန့်ညားချောမောနေဆဲဖြစ်သည်။သူမြင်နေကျ ချောမောခြင်းမျိုးနှင့် ဖြစ်သည်။ သွားတန်းလေးများပေါ်သည်ထိ ရီပြလာသည့်မောင်ကြောင့် သူမယုံနိုင်သလိုဖြစ်ကာ ထရပ်လိုက်မိသည်။ဒူးတစ်ဖက်ထောက်ကာ မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည့်မောင်သည် ဝှက်ထားသည့် လက်အား ဆန့်ထုတ်ကာ ပြောသည်။
"ဂျပန်နိုင်ငံဟာ ဝါရှင်သန်ကို ဆာကူရာပန်းပင်ပေါင်း သုံးထောင်လက်ဆောင်ပေးပြီး ချစ်ကြည်ရေးနဲ့ငြိမ်းချမ်းရေးကို ဖြစ်စေခဲ့တယ်။ဒါကြောင့်သည်ဆာကူရာပန်းပင်လေးတွေကို မြင့်မြတ်တဲ့ပန်းပင်လေးတွေလို့ ဂျပန်လူမျိုးတွေက သတ်မှတ်ကြတယ်။အချင်းချင်းကြားကနားလည်မှု့လွဲနေတာလေးတွေကိုလည်း ပြေလည်စေတဲ့အထိ အင်အားကြီးတယ်လို့လည်း ဂျပန်လူမျိုးတွေက ဆိုကြပြန်တယ်။အခုသည်ပန်းတောကြီးမှာ ဆာကူရာပန်းပင်ပေါင်း သုံးထောင်တိတိရှိတယ်။ဒါကြောင့် မောင့်ရှင်သန်ရာလေးက မောင့်ရဲ့သည်ကမ်းလှမ်းမှု့ကို လက်ခံပေးနိုင်မလား။မောင်မင်းကိုသိပ်ချစ်တယ်မောင့်ရှင်သန်ရာလေး။မောင့်ကို လက်ထပ်ပါ။မောင်သည်လက်ထပ်ခွင့်ကို မင်းမွေးနေ့မှာ တောင်းဆိုဖို့ စီစဉ်ထားပေမဲ့ ထင်မှတ်မထားတဲ့ အခြေအနေတစ်ခုကြောင့် ပျက်သွားခဲ့ရတယ်။မောင်မင်းတစ်ဘဝလုံးကို အပိုင်လိုချင်တယ်။မင်းဟာ မောင့်အပိုင်ပါဆိုပြီးလည်း မောင်ကတစ်လောကလုံးကြားအောင်ပြောပြချင်တယ်။ဟစ်ကြွေးချင်တယ်။မင်းက မောင့်ဘဝရဲ့မရှိမဖြစ်တဲ့ အလိုအပ်ဆုံးသော ရှင်သန်ရာအသက်တစ်ခုပါ။ဒါကြောင့် မောင်မင်းကို လက်ထပ်ခြင်းဆိုတဲ့ကြိုးနဲ့ တင်းတင်းချည်နှောင်ထားလိုက်ပါရစေ။မောင့်ရဲ့ သည်တောင်းဆိုမှု့အပေါ်ကို မင်းက လက်ခံပေးနိုင်မယ်မဟုတ်လားဟင်"