...
...
...
(unicode )
ဧည့်ခန်းမရှိ ဆိုဖာခုံပေါ်တွင် လူငါးယောက် ထိုင်နေသည်။ယင်းလူငါးယောက်သည် ဆိုဖာခုံတစ်ဖက်တည်း၌ ထိုင်နေကြခြင်းမဟုတ်ပေ။အိမ်တွင်းသို့ကျောပေးထားသည့်ဆိုဖာခုံ၌ သုံးယောက်ထိုင်နေပြီး ကျန်နှစ်ယောက်မှာမူ အိမ်အပြင်ဘက်သို့ ကျောပေးထားသည့် ဆိုဖာခုံပေါ်၌ ထိုင်နေခြင်း ဖြစ်သည်။နှစ်ယောက်တည်းထိုင်နေသည့် ဆိုဖာခုံပေါ်မှ မျက်နှာထားတည်တည်တင်းတင်းနှင့် လူသည် မည်သူမျှ ဂရုမစိုက်သည့် မျက်နှာဘေးမျိုးဖြင့် တန်းဆီထိုင်နေသည့် ရှေ့မျက်နှာချင်းဆိုင်ရှိ လူသုံးယောက်အား စိုက်ကြည့်နေလေသည်။ယင်းလူနှင့် ဆန့်ကျင်ဘက် နောက်လူမှာကား ခေါင်းငုံ့ထားသည်။တန်းဆီထိုင်နေသည့် လူသုံးယောက်အနက် တစ်ဦးမှာ အသက်လေးဆယ်ခန့် အမျိုးသမီးကြီး တစ်ဦးဖြစ်လေသည်။အသက်လေးဆယ်ဆိုသည့်အရွယ်ဖြစ်နေပေမဲ့ အမျိုးသမီးကြီးသည် ရှိရင်းစွဲအသက်ထက် ငယ်သည်ဟု ထင်ရသည်အထိ နုပျိုနေသည်။ယင်းအမျိုးသမီးနှင့်ကပ်လျက်ထိုင်နေသူကား အသက်ငါးဆယ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦးဖြစ်သည်။ ယင်းအမျိုးသားကြီးသည်လည်း အမျိုးသမီးကြီးကဲ့သို့ ငါးဆယ်ဆိုသည့် အသက်အရွယ်ရှိနေမှန်း မသိသာလှပေ။ ယင်းလူကြီးနှစ်ဦးဘေး၌ ယင်းတို့နှင့် တူလွန်းလှသည့် လူငယ်လေးတစ်ဦးထိုင်နေကာ ရှေ့ရှိခေါင်းငုံ့နေသည့် လူအား မလွတ်တမ်း လိုက်ကြည့်နေသည်။
"ဘယ်လိုလဲ။ ကျုပ်ပြောတဲ့ အဲ့သည်ကိစ္စနဲ့ပတ်သတ်ပြီးတော့ သည်ဘက်က ဦးကျော်ထင်တို့ရဲ့ သဘောထားလေးလည်း တစ်ဆိတ် သိပါရစေ"
"ဟို..."
စက်ရိုင်းစကားကြောင့် ဦးကျော်ထင်သည် မျက်မှန်ကိုင်းအား ကိုင်၍ ချီတုန်ချီချဖြစ်ဟန်ဖြင့် နဘေးရှိ ကပ်ထိုင်နေသည့် သူ့ဇနီးအား ကြည့်လိုက်သည်။စက်ရိုင်းသည် ခပ်လျောလျော ထိုင်နေရာမှ ခန္ဒာကိုယ်အား ရှေ့သို့ အနည်းငယ် ပြန်မှတ်လိုက်သည်။နောက် ချီတုံချီချဖြစ်နေသည့် ဦးကျော်ထင်အား စိုက်ကြည့်၍ ပြောလိုက်သည်။
"ဦးကျော်ထင်တို့မှာ သည်သားလေးတစ်ယောက်တည်းရှိတယ် ဆိုတာကို ကျုပ်သိပါတယ်။ကျုပ်ညီနဲ့ သဘောတူလိုက်ရလို့ ဦးကျော်ထင်တို့အနေနဲ့ မျိုးဆက်ပြတ်သွားမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ စိုးရိမ်နေစရာမလိုပါဘူး။သည်ခေတ်ကြီးထဲမှာ ဦးကျော်ထင်တို့ လိုချင်တဲ့ မျိုးဆက်ဆိုတာ ဘယ်နှစ်ယောက်လိုချင်သလဲသာ ပြောလိုက်၊ဥပမာ ရပ်ကွက်တစ်ကွက်စာလား ဒါမှမဟုတ် မြို့တစ်မြို့စာလောက်လား။ကျုပ် ဖန်တီးပေးနိုင်တယ်။ ဒါကြောင့် မျိုးဆက်ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ကျုပ်ညီကို ငြင်းဖို့ မကြိုးစားလေနဲ့။အဲသည်လို လုပ်ခဲ့မယ်ဆိုရင်တော့ သည်ကဦးကျော်ထင်တို့သားလေး တချိန်ချိန်မှာ အိမ်ထောင်ကျသွားခဲ့ရင်တောင် မျိုးဆက်မချန်နိုင်အောင် ကျုပ်က လုပ်ပစ်မှာ။ ဒါလေးတစ်ခုတော့ သိထားပေး"