အပိုင်း-8

15 0 0
                                    

...

...

...

(unicode )

သိပ်မကြာသည့် အချိန်တစ်ခုတွင် အကိုသည် သူမအားပေးခဲ့သည့်ဂတိအားတည်ခဲ့သည်။သူမဖြစ်စေချင်သည့်အဖြေမျိုးဖြစ်ခဲ့သဖြင့် သူမတို့မိသားစုသည် မြစ်ကြီးနားရှိအိမ်နှင့်ခြံအား ရောင်းကာ ရန်ကုန်မြို့ကြီးသို့ ပြောင်းရွေ့ခဲ့ကြသည်။ ရန်ကုန်ရောက်ပြီး တစ်ပတ်ဆိုသည့် အချိန်တွင်း၌ သူမသည် သမီးငယ်လေးကို ဖွားမြင်သည်။ အကိုသည် သမီးငယ်လေးကို လက်မှ မချနိုင်ဖြစ်ခဲ့သည်။ သမီးကြီးနှင့်တူဖြစ်သူအား အိမ်နှင့်နီးသည့် ကျောင်း၌သာ ကျောင်းတက်စေခဲ့သည်။‌ သမီးငယ်လေးခြောက်လသားလောက်ရောက်သော် အကိုသည် အရင်ကလုပ်ခဲ့ဖူးသည့် ကုန်သည်အလုပ်အား ပြန်လုပ်ကိုင်သည်။ အဆက်အသွယ်ရှိပြီးတားဖြစ်သည့်အပြင်ကို၊နယ်မြို့ထက် မြို့ကြီးပြကြီးတွင် နေထိုင်ကာ လုပ်ကိုင်သဖြင့် အကိုသည် သိပ်ရုန်းကန်စရာမလိုပါပဲ အရာရာသည် နဂိုကထက်ကိုပင် အဆင်ပြေပြေဖြစ်ခဲ့ရသည်။ မကြာခနခရီးသွားတတ်သည့်အကျင့်မှာတော့ သမီးငယ်လေးကြီးလာသည်နှင့်အမျှ အရင်တိုင်း မပြောင်းမလဲသို့ ဖြစ်သွားရပြန်သည်။ ဝင်ငွေမှာတော့ အရင်နယ်မြို့ငယ်လေး ထက်စာလျှင် ယခုမြို့ကြီး၌ ပိုရွှင်ခဲ့ရသည်။တော်တော်တန်တန်လည်း စုမိဆောင်းမိဖြစ်ခဲ့သည်။ ရန်နောင်းစံတို့ဗီရိုထဲမှ ပိုက်ဆံအား သူမ ဘယ်သူမှ မသိအောင် တိတ်တိတ်လေးယူခဲ့သည်။ ကလေးငယ်သေးသည်ကတစ်ကြောင်း၊ ပြောင်းခါစဖြစ်သည်ကတစ်ကြောင်းတို့ကြောင့် အစဦးပိုင်းတွင် သူမသည် ဘာလှုပ်ရှားမှု့ တစ်ခုကိုမှ မပြုလုပ်သေးပါပဲ ယူလာသည့် ပိုက်ဆံတို့ကို ဘဏ်တစ်ခု၌ သွားရောက်အပ်နှံထားသည်။ တစ်နှစ်ခွဲလောက်ရောက်လာရတော့မှ ဘဏ်၌အပ်ထားသည့် ပိုက်ဆံတို့အား ထုတ်ကာ သူမစီးပွားရေးစလုပ်သည်။ ထောင်နှင့်ချီကာရှိသည့်ပိုက်ဆံတို့အား ငွေသေအဖြစ်ထားကာ အပ်နှံထားသဖြင့် သူမ အတိုးပင် တော်တော်ရလိုက်သည်။ ထိုငွေအား အရင်းတည်ကာ သူမရတနာဆိုင်သေးသေးလေးစဖွင့်သည်။ အကိုမှ သူမအား မည်သည့်ငွေဖြင့် ယခုလို ဆိုင်ဖွင့်နိုင်သနည်း ဟု မေးလာခဲ့သည်ကြောင့် သူမတို့ သည်ကိုပြောင်းလာပြီးကတည်းမှနေ၍ အကိုပေးသည့်ပိုက်ဆံတို့အား ခြစ်ကုပ်ကာ စုထားသည်တို့ဖြင့် လုပ်သည် ဟု ညာပြောလိုက်သည်။ အကိုသည် "တော်လိုက်တဲ့ငါ့မိန်းမ..." ဟုပင် ချီးကျုးခဲ့သေး၏။ ယခုဆို သူမသည် ရန်ကုန်မြို့ကြီးပေါ်ရှိ လူကုံထံအမျိုးသမီးများနှင့် ကြမ်းတစ်ခင်းထဲ ဖြစ်နေပြီဖြစ်သည်။ တောကြိုအုံကြား၌ပွင့်သည့် စံပယ်ပွင့်လေးမှ ရဲရဲတောက်နေသည့်နှင်းဆီနီတစ်ပွင့် အဖြစ်သို့ ရောက်နေရပြီဖြစ်သည်။ လူကုံထံများ နေသည့်ရပ်ကွက်၌ပင် မြေကွက်တစ်ကွက်ဝယ်နိုင်ခဲ့သည်။ အိမ်ဆောက်ရာ၌လည်း လူတိုင်းအားကျသည့် အဆင့်အတန်းမြင့်မားခြင်းမျိုးအားပေါ်လွင်စေသည့်အိမ်မျိုးကို သူမစိတ်ကြိုက်ပြင်ဆင်ကာ ဆောက်ခဲ့သည်။ အိမ်သစ်သို့ပြောင်းသည့်နေ့ကဆိုလျှင် သည်ကမ္ဘာပေါ်၌ သူမသာလျှင် အပျော်ရွှင်ရဆုံးလူသားတစ်ယောက်ကဲ့သို့ သူမစိတ်အား ခံစားမိစေခဲ့သည်။လူတွေပြော,ပြောနေကြသည့် ငွေဆိုသည်မှာ ဒုတိယဘုရားသခင် ဆိုသည့် စကားသည် တစ်ကယ်ကိုမှန်၏။ ငွေဆိုသည်မှာ ယခုတော့ဖြင့် သူမတွက်မရှားလှသည့်အရာအဖြစ်သို့ ရောက်သွားရချေပြီဖြစ်သည်။ငွေပုံပေါ်မှာထိုင်ကာ သူမသည် စိတ်ကြိုက်သုံးဖြုန်းပစ်ခဲ့သည်။အသုံးအဖြုန်းကြီးလွန်းမကကြီးလွန်းသည့် သူမသည် လောင်းကစားကိုပါ အရာရှိကတော်များနှင့်ပေါင်းကာ ဆော့လိုက်သေး၏။ ဤသည်ကပဲ သူမဘဝအား နောက်တစ်ကြိမ် ဟိုးအောက်ဆုံးထိ ထပ်မံ ဆွဲချသွားခဲ့သည်။ လှိုင်းတံပိုးသည် သူမအား တစ်ကြိမ်ရိုက်ချပြီး နောက်တစ်ကြိမ်အမြင့်သို့ ပြန်တက်စေခဲ့ပြန်သည်။ သူမဆိုသည့် ခင်မမမျိုးသည် ဘုန်းကံကြီးမားလှသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်ဆိုတာကို သူမကိုယ်သူမ အသေအချာသိနေခဲ့သည်။ဘာကြောင့်ဆို မပြေလည်ခြင်းတို့သည် သူမထံ ကြာကြာမနေ အချိန်တန်လျှင် သူမနားမှ မြူခိုးငွေ့ကဲ့သို့ သူ့အလိုလိုပျောက်ကွယ်သွားကြရမြဲဖြစ်သည်။ သည်လိုဖြင့် သူမသည် လူပုံအလယ်၌ နောက်တစ်ကျော့ ခေါင်းပြန်မော်နိုင်ခဲ့ပြန်သည်။ယင်းအစသည် သူမဘဝအား ငရဲထိ ဆွဲချသွားမည့်အရာဆိုတာကိုတော့ သူမနဲနဲမှကိုမသိရှိခဲ့၊မရိပ်မိခဲ့ပါလေ။

မောင့်ရှင်သန်ရာ S3Where stories live. Discover now