...
...
...(unicode )
ဟန်မင်းဆက်ဧည့်ခန်းဆိုဖာခုံပေါ်ထိုင်၍တစ်စုံတစ်ယောက်အားလည်ပင်းကြီးရှည်ကာစောင့်မျှော်နေမိသည်။ဒီနေ့မနက်အစောဆုံးလေယာဉ်ဖြင့်ရန်ကုန်မှ မြစ်ကြီးနားသို့သူရောက်လာခဲ့ရခြင်းဖြစ်သည်။မလာ၍ကလဲမရ၊ဖားကန့်ရှိမိဘပိုင်လုပ်ငန်းခွင်မတော်တဆဖြစ်မှု့သည်လူတော်တော်များများအားထိခိုက်မိသွားစေခဲ့သည်။ယင်းပြသနာကားရန်နောင်းစံတစ်ယောက်တည်းဖြင့်ဖြေရှင်း၍မရဟုသူ့အားဖုန်းဆက်အကြောင်းကြားလာသည်။ထိုစဉ်အိမ်ရှေ့မှဆိုင်ကယ်စက်ရပ်လိုက်သည့်အသံကြောင့်၊ထိုဘက်သို့သူခေါင်းထောင်ကာကြည့်လိုက်မိသည်။အိမ်ထဲသို့ဝင်လာသည့်ရန်နောင်းစံအားသူထရပ်၍အကြိုပြုလိုက်သည်။
“လာ…လာထိုင်ရန်နောင်း။ငါလဲကွာဒီမှာကြာကြာနေလို့မဖြစ်တော့ဒီကိစ္စကိုမြန်မြန်ဖြေရှင်းနိုင်မှပဲဖြစ်မှာ။ဒါကြောင့်မင်းကိုခုလိုအလောတကြီးအိမ်ခေါ်တွေ့လိုက်ရတာကိုတော့ငါအားနာတယ်ကွာ”
“ဟာ..မဟုတ်တာ…လာရမှာပေါ့။ကျွန်တော်ကကိုဟန်မင်းဘယ်ချိန်ခေါ်ခေါ်၊ဘယ်နေရာကိုခေါ်ခေါ် လာရမှာပေါ့”
“အေး…ဘယ်လိုဖြစ်တာလဲ…သေချာလေးပြန်ပြောစမ်းဦးကွာ။ဖုန်းထဲကြားရတာနဲ့ မျက်နှာချင်းဆိုင်ပြောရတာခြင်းက မတူတော့ ။ဒါနဲ့…ဒဏ်ရာရသွားတဲ့သူတွေကော ဘယ်လိုနေလဲ၊သက်သာရဲ့လား"
“သက်သာနေပါပြီ။စိုးရိမ်ရတဲ့အခြေအနေနဲ့လူကတော့တစ်ယောက်မှမရှိပါဘူး။ဖြစ်စဉ်ကတော့ကျွန်တော်ဖုန်းနဲ့ပြောထားခဲ့သလိုပါပဲ။အလုပ်သမားတွေကိုမေးကြည့်တော့မှိုင်းဆင်တဲ့အဖွဲ့ထဲမှာသူတို့တစ်ခါမှမမြင်ဖူးတဲ့မျက်နှာစိမ်းနဲ့လူတစ်ယောက်ပါတယ်တဲ့။ကျွန်တော်အလုပ်သမားအသစ်ထပ်ခန့်ထားတာလို့ထင်ပြီးသူတို့ဘက်ကလဲစပ်စပ်စုစုမရှိပဲအမှုမဲ့အမှုတ်မဲ့နဲ့နေလိုက်ကြတာတဲ့။တစ်ကယ်တမ်းမှိုင်းဆင်လို့ပြီးသွားလို့ဖောက်ခွဲလိုက်တော့မှယမ်းတွေကခါတိုင်းကျောက်တောင်ခွဲတဲ့ယမ်းတွေမဟုတ်ပဲအပြင်းစားယမ်းတွေဖြစ်နေမှန်းသိလိုက်ရတာတဲ့။ဒါကြောင့်လည်းSave..zone..ထဲမှာရှိနေတာတောင်အလုပ်သမားတွေကဒဏ်ရာရသွားကြရတာပေါ့”