အပိုင်း-21

14 0 0
                                    

...

...

...

(unicode )

"ဟိုကောင်လေး ဆိုင်တစ်ခုလုံးကို မီးလောင်တိုက်သွင်း ပစ်မလို့လား"

စားဖိုမှူးကြီး၏ အသံကြောင့် သူ သတိဝင်လာခဲ့သည်။တည်ထားသည့် ဆီအိုးမှာ အငွေ့တစ်ထောင်းထောင်း ထကာ ဆီအိုး မီးတောက်တော့မည့် အနေအထားသို့ကို ရောက်နေပြီ ဖြစ်သည်။ သူ ကပျာကယာဖြင့် ဆီအိုးအား မီးဖိုပေါ်မှ ချလိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ကျွန်တော် အတွေး နဲနဲလွန်သွားရလို့ပါ"

"စားသောက်ဆိုင် တစ်ဆိုင်လုံးကို ဦးစီးမဲ့သူက ခုကတည်းကနေ စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေလို့ ရမလား... လှိုင်းရေစင်။ ငါ မင်းအဖိုး မျက်နှာလည်း ထောက်မှာ မဟုတ်ဘူးနော်။ဆက်ခံသူ ဆိုပြီး ငါက သက်ညှာပေးလိမ့်မယ်လို့ မင်းကိုယ်မင်း အထင် ရောက်မနေနဲ့။ဒီလို ပုံမျိုးနဲ့ မင်းက မင်းအဖိုးတည်ဆောက်ထားတဲ့ ဒီစားသောက်ဆိုင်ကို ဘယ်လိုမျိုး လက်လွဲယူမှာတဲ့လဲ။ပိုင်ရှင်က အစ ပေါ့ပေါ့လျော့လျော့ဖြစ်နေမှတော့ ကျန်တဲ့သူတွေကပါ စိတ်ပါလက်ပါ ရှိဦးမတဲ့လား။အဖိုးဖြစ်သူက တည်ဆောက်တယ်၊မြေးဖြစ်သူက ပျက်စီးတယ်။ဟန်သာမောင်တို့ကတော့ အားကိုးရဦးမယ်ပ..များများကြီး"

ခါးထောက်၍ ဆူနေသည့် စားဖိုမှူးကြီးအား သူ အကြိမ်ကြိမ်ဦးညွတ်၍ တောင်းပန်လိုက်သည်။တစ်ခြားသူများသည် စားဖိုမှူးကြီးအား ကြောက်ကြသဖြင့် ပြောင်ပြောင်တင်းတင်း၊ပေါ်ပေါ်ထင်ထင် မစုပ်စုရဲကြပါပဲ ကွက်ကြည့် ကွက်ကြည့်ဖြင့်သာ အလုပ် လုပ်ရင်း တိတ်တဆိတ် စောင့်ကြည့် အကဲခတ်နေကြသည်။

"ဟုတ်ကဲ့ ။နောက်မဖြစ်စေရပါဘူးဗျာ။ကျွန်တော် တောင်းပန်ပါတယ်။တစ်ကယ်တောင်းပန်ပါတယ်ဗျာ"

"သတိထားနေ။နောက်တစ်ခါဆို အပြစ်ပေးခံရမယ်မှတ်"

"ဟုတ်ကဲ့"

စားဖိုမှူးကြီးသည် ထိုသို့ ပြော၍ မီးဖိုဆောင်မှ ထွက်သွားသည်။တစ်ခြားစာဖိုမှူးများသည် သူ့နားသို့ ဝိုင်းလာခဲ့ကြပြီး သူ့ပုခုံးအား ပုပ်၍ "ဖြစ်တတ်ပါတယ်။ငါတို့တုန်းကလည်း သည်လို ဖြတ်ကျော်ခဲ့ရတာပဲ" ဆိုသည့် ပုံစံမျိုးဖြင့် ဝိုင်းဝန်းး နှစ်သိမ့် အားပေး လာကြသည်။သူသည် "အဆင်ပြေပါတယ်" ဆိုသည့်သဘောဖြင့် ခေါင်းပြန်ညိမ့် ပြလိုက်သည်။နောက် သူ့ဘေးမှ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြကာ လုပ်လက်စ အလုပ်များအား သွားပြန် လုပ်ကြလေသည်။လေပူတစ်လုံးကို " ဖူး " ဆိုသည့် အသံမြည်သွားရသည်အထိ သူ မှုတ်ထုတ် ပစ်လိုက်သည်။ ဆီအိုးကို ပြန်ကောက် တည်လိုက်ပြီးနောက် လုပ်စရာရှိသည်များကို တစ်ခုပြီး တစ်ခု အာရုံစိုက်ကာ ဇယ်ဆက်သလို ဆက်တိုက် လုပ်လိုက်သည်။အလုပ်ထဲသို့ အာရုံပြန်ရောက်သွားသဖြင့် စောစောက သူအဆူခံထားရသည်ကို လုံးလုံး မေ့သွားလေသည်။ စားဖိုမှူးခေါင်းဆောင် ဆိုသူမှာ တစ်ခြားသူ မဟုတ်၊ အဖိုး၏ ငယ်သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီးပင် ဖြစ်လေသည်။

မောင့်ရှင်သန်ရာ S3Where stories live. Discover now