...
...
...
(unicode )
"ကြားလား လှိုင်းလေး"
ထူးသံမကြားရ၍ သူလှည့်ကြည့်ကာ ပြန်ခေါ်လိုက်သည်။
"လှိုင်းလေး"
"အင်း"
အပြင်ဘက်ကို ငေးနေသည့် လှိုင်းလေးကို ကားမောင်းရင်း သူမကြာခန လှည့်ကြည့်နေသည်။မေးထောက်၍ တစ်ခုခုကို အသဲအသန် စဉ်းစားနေသည့် လှိုင်းလေးက တစ်ယောက်တည်း အတွေးကမ္ဘာထဲမှာ။သူကိုယ်တိုင် ပိုင်းခြားထားသည့် အတွေးကမ္ဘာထဲမှာ ။သူ့ခေါ်သံကိုပင် မကြားလိုက်သလို ပုံမျိုးဖြင့် ပြန်ထူးသည်။
"အင်းမနေနဲ့။အကိုမှိုင်း ပြောတာကို သေချာနားထောင်။မိုက်က တစ်ခြားနေရာမှာသာ တော်တာ၊ထက်တာ သည်လို နေရာမျိုးကျတော့ နှစ်ယောက်မရှိအောင်ကို ဝေးပြန်ရော။ဝေးဆို အချစ်ရေးနဲ့ ပတ်သတ်လို့ သူက တစ်ခါမှ အတွေ့အကြုံမရှိဘူးတဲ့လေ။သည်တော့ အရိပ်ပြလည်း သူ့ခမျှာအကောင်မမြင်နိုင်၊သည်ကြားထဲ လှိုင်းလေးဘက်က ရေဘယ်လောက်ပေးပေး သူ့မှာ မြောင်းမရှိမှတော့ ပေးနေတဲ့ ရေက ဘယ်လိုစီးတော့မှာ။မဟုတ်ဘူးလား။နောက်ပြီး လှိုင်းလေးဘက်ကလည်း သည်ထက်ပိုပြီး ဆက်အိုက်တင်ခံမနေနဲ့တော့။ ကိုယ့်ဘက်က လှုပ်ရှားမှ ရမဲ့အမျိုးဆို တစ်ကိုယ်လုံးတာ လှုပ်ရှားပစ်ချပလိုက်။နှစ်ခါစဉ်းစားမနေနဲ့။
ခုတော့ လှိုင်းလေးက အရိပ်ပဲပြနေတော့ ဟိုက ဘားမသိ၊နားမလည်နဲ့။အချိန်တွေတာ ကြာလာတာပဲ ရှိတယ်။နှစ်ယောက်ကြားက ဆုံမှတ်ကလည်း ဘယ်တော့ ဆုံမယ်မသိတဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ။ထိလု ထိလုနဲ့ ရှေ့ကိုပဲ အပြိုင်ပြေးနေကြတယ်။ဘေးက ကြည့်ပြီး အကိုမှိုင်းကတော့ အသဲ ယားလွန်းလို့။နှစ်ယောက်သား မထိခလုတ် ထိခလုတ်နဲ့။ဒါကြောင့် အကိုမှိုင်းပြောမယ်။လှိုင်းလေး သည်တစ်ခေါက် ရန်ကုန်ရောက်တုန်း မိုက်ကို အပိုင်သာ ချည်သွားလိုက်တော့။
မဟုတ်ရင် တစ်ခြားလူနောက်ပါသွားရရင် အလကား ကိုယ်ပဲ ရင်ထုနေရမယ်။ကိုယ်လည်း ပြန်မချစ်နိုင်တာမှ မဟုတ်ပဲ။ စိတ်ရှိလို့တောင် မိုက်သဘောလို့ ပြောခဲ့ပြီးမှတော့ ဘာလို့ ဆက်ပြီး အချိန်ဖြုန်းနေဦးမှာလဲ။မိုက်ကို မျက်စိကျနေတဲ့လူတွေမှ အများကြီးနော်။ဟိုက အနားကပ်လာတဲ့ သူမှန်သမျှကို အရေးမလုပ်လို့သာ ပါမသွားတာ။တစ်နေ့တစ်နေ့ အကိုမှိုင်းမျက်စိရှေ့တင် တွေ့တွေ့နေရတာ။သိတဲ့ လူတွေကော မသိတဲ့ လူတွေကောက ပို့ပေးတဲ့ပန်းစည်းတွေမှ တစ်နေ့တစ်နေ့ မနည်း အမှိုက်ပုံးကို ပြည့်ရောပဲ။ မိုက်က တစ်ခြားလူတွေလိုသာ အပျော်စိတ်လေးများ ရှိနေမယ်ဆိုရင် မိုက်ဘဝမှာ ရီးစားဆိုတာ ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ အဝတ်အစားလှဲလှယ်သလိုကို ဖြစ်နေမှာ။အမယ်...သူကများ ပြောသေးတာ။သူက လှိုင်းလေးဆိုတဲ့ ရေယာဉ်မှာ မျောပါနေတာ ဘယ်ဟာက ကမ်း ဘယ်ဟာက လမ်းမှန်းတောင် မသိတော့ ပါဘူးတဲ့။ နောက်ကွယ်ကျ သူသိပ်တတ်။လှိုင်းလေးရှေ့ရောက်ရင်တော့ သူအသွားပြီလေ။ပါးစပ်မပါသလိုကို အ သွားပြီ"