အပိုင်း-24

13 0 0
                                    

...

...

...

(unicode )

မင်္ဂလာပွဲသည် ပျော်ရွှင်ခြင်းများစွာဖြင့် အောင်မြင်စွာ ဆုံးသွားရလေသည်။လူတိုင်း လူတိုင်းသည် ပွဲမှ အပျော်မျက်နှာ၊အပျော်ပီတိ တို့ဖြင့် ပြန်သွားခဲ့ကြလေသည်။ပွဲ၌ ကျန်ရစ်ခဲ့သူဆို၍ ရှင်သန်ရာနွယ်နောင်းတို့အတွဲနှင့် တစ်ခြားရင်းနှီးလှသည့် မိတ်ဆွေအပေါင်းအသင်း အနည်းငယ်လောက်သာ ဖြစ်သည်။ထိုကျန်ရစ်ခဲ့သည့် မိတ်ဆွေအနည်းငယ်တို့သည် ဝိုင်းဖွဲ၍ ထိုင်ကာ စကားများ ပြောဆိုနေကြလေသည်။ ပြောဆိုနေကြသည့် အဓိက အကြောင်းအရာများမှာ စီးပွားရေး အကြောင်းများသာ ဖြစ်သည်။စီးပွားရေးအကြောင်း ဆွေးနွေးကြရန် မင်္ဂလာ အခမ်းအနားပွဲအား တမင်ပြုလုပ်ပေးလိုက်သကဲ့သို့ အားကြိုးမာန်တက်ကို ပြောဆိုနေကြခြင်း ဖြစ်သည်။

ကိုကိုသည် စိတ်ပျက်လက်ပျက် မျက်နှာဖြင့် စားပွဲဝိုင်းအား ခပ်လျောလျော အနေအထားဖြင့် နောက်ကျောပေး၍ ထိုင်နေသည်။ဧည့်ခံချိန်တွင် ကိုကိုသည် ဟန်ဆောင်မျက်နှာဖုံးအား မည်သို့နည်းဖြင့် အားတင်း၍ တပ်ထားရသည် မသိ။ပွဲပြီးသွားသည်နှင့် မျက်နှာကြီးမှာ ဟန်ဆောင်ပြုံးကြီး ပျောက်ကာ ချက်ခြင်း ဆူပုပ်သွား လေသည်။အကြောင်းသည် လက်ထပ် လက်စွပ် မဝတ်ရခြင်းကြောင့် ဖြစ်သည်။ကိုကို၏ လက်နှစ်ဖက်စလုံးသည် ပတ်တီးစည်းထားရသဖြင့် လက်စွပ်ဝတ်ပေးရန် အဆင်မပြေဖြစ်ခဲ့ရသည်။ထိုအပေါ်ကို မကျေမနပ်ဖြစ်နေသည့် ကိုကိုသည် ပွဲပြီးသည်နှင့် မည်သူနှင့်မျှ စကားမပြောတော့ပါပဲ တစ်ယောက်တည်း သက်ပြင်းတစ်ချချဖြင့် ပတ်တီးအဖွေးသားဖြစ်နေသည့် လက်နှစ်ဖက်ကိုသာ လေထဲသို့ မြှောက်ကြည့်၍ မပျော်မရွှင် ဖြစ်နေသည်။ကိုကို့ပုံစံသည် လက်ထောင်ထားသည့် ကျောက်ရုပ်ထုကြီး တစ်ခုအား ခန်းမအလယ်တွင် ချထားသကဲ့သို့ ဖြစ်နေသည်။ယင်းကြောင့် ကိုကိုတစ်ယောက် အသက်မှ ရှိသေးရဲ့လား ဟု သူ တွေးကြည့်နေမိသည်။ရန်ကုန်၌ ပွဲထပ်လုပ်ဦးမည် ဖြစ်သည်။ ထိုပွဲကျမှ လက်ထပ်လက်စွပ်အား ဝတ်ပါလေဟု သူမနည်း ချော့ပြောထားပေမဲ့ ကိုကိုသည် ဘဝင် မကျဖြစ်ကာ တစ်ယောက်တည်း မကျေမနပ်ဖြစ်နေလေသည်။

မောင့်ရှင်သန်ရာ S3Where stories live. Discover now