အပိုင်း-10

21 0 0
                                    

...

...

...

(unicode )

"ကိုကို!!..ကိုကိုရေ!!!...."

"မီးဖိုခန်းကို ကြွမြန်းတော်မူလာခဲ့!!!၊အာဗြဲနဲ့အိမ်ရှေ့ကနေအော်မနေနဲ့။မင်းအသံက ကျက်သရေမရှိဘူး!!!"

အူယားဖားယားဖြင့်ပြေးလာသည့် ကလေးလေးသည် အရွက်တွေတင်နေသည့်သူ့အား နောက်မှသိုင်းဖတ်လာသည်။ ပါးကိုအနမ်းတစ်ချက်ပေးပြီးနောက် စကားကိုအလောတကောပြောသည်။

"ကိုကိုသိလား၊ကိုကိုသိလားလို့"

"ငါက ဘာသိရမှာ"

လက်ထဲကအရွက်ဖြင့်သူ့ဘေးဝင်ထိုင်လိုက်သည့် ကလေးလေးခေါင်းအား တစ်ချက်ရိုက်ရင်း မေးလိုက်သည်။

"မနေ့က..မနေ့က ကျွန်တော်လက်ပြင်ကိုကတ်နဲ့ရိုက်လိုက်တဲ့ ဆရာဝန်လေ။ ဒီနေ့မနက်ပဲ ဆေးရုံအုပ်ကြီးရုံးခန်းမှာ ဘယ်သူမှမသိအောင် တိတ်တိတ်လေး ထွက်စာတင်သွားလို့တဲ့၊ အခုဆေးရုံမှာ အဲ့ဒါနဲ့ပတ်သတ်ပြီး ထင်ကြေးအမျိုးမျိုးပေးပြီး ပွတ်လောထနေကြတယ်တဲ့၊ ကျွန်တော်သူငယ်ချင်းဖုန်းဆက်ပြောပြတာ။ အဲ့ဒါနဲ့ ကျွန်တော်ကသူ့ပြန်မေးလိုက်တယ်။ "ငါဘာလို့ သူ့ကို မမြင်ဖူးတာလည်း"၊အဲ့သည်မေးခွန်းရဲ့ အဖြေက ရိုးရိုးလေး။ကျွန်တော်ကိုနွယ်နောင်းကိုဆေးသွားသွားချိတ်ပေးနေတဲ့အချိန်ကသူဆေးရုံကို ဝင်ရတဲ့အချိန်နဲ့ကွက်တိတဲ့ဗျာ။ ဟော...ကျွန်တော်ဆေးရုံကိုပြန်ရောက်တော့ သူကတခြားဆေးရုံမှာပြန်သွားထိုင်နေပြီ။ကိုကိုသိလား အဲ့ဒီလူကို ဒယ်ဒီကိုယ်တိုင်က စက်ရိုင်းဆေးရုံမှာ အချိန်ပိုင်းလာထိုင်ပေးဖို့ကမ်းလှမ်းထားတာတဲ့ ၊ သိပ်တော်တယ်ဆိုပဲ။ အင်းပေါ့...ဒယ်ဒီကိုယ်တိုင်တောင် ကမ်းလှမ်းရတဲ့အဆင့်ဆိုတော့ တော်မှာပေါ့။အဟွန့်...ဘယ်သူပဲချီးကျူး,ချီးကျုး၊ဘယ်သူကပဲ ခေါ်,ခေါ်၊ဘယ်လောက်ပဲ တော်,တော် နောက်ဆုံးတော့ သည်ကသူတော်ကောင်းလေးကိုပြစ်မှားမိလို့ အလုပ်ထွက်ရ အဲ...နေပါဦး သူကဘာလို့အလုပ်ကိုအကြောင်းအရင်းမရှိပဲ ထွက်လိုက်ရတာလဲ ။ လစာကလည်း ဒယ်ဒီကိုယ်တိုင်တောင်ခေါ်ယူထားရတဲ့အဆင့်နဲ့ဆိုတော့ နည်းမှာမဟုတ်ဘူး ။ သည်လောက်နံပါတ်တစ်ဖြစ်ပြီး လစာလည်း ရှယ်ကောင်းနေတဲ့ ဆေးရုံမှာမလုပ်ချင်ရလောက်အောင်ကို သူကဘာတွေဘဝင်မြင့်နေတာလဲ။ဟုတ်တယ်နော်ကိုကို"

မောင့်ရှင်သန်ရာ S3Where stories live. Discover now