အပိုင်း-5

22 0 0
                                    

...

...

...

(unicode )

"ကျေးဇူးပါပဲခင်ဗျာ။နောက်လိုအပ်ရင်...ကျွန်တော်ကဆက်သွယ်လိုက်ပါ့မယ်ဗျာ။ခုလိုတကူးတကကြီးလာပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ"

"ဟုတ်ကဲ့....လိုအပ်ရင်အချိန်မရွေးဆက်သွယ်လိုက်ပါဗျာ။ကျွန်တော်မျှော်နေပါ့မယ်"

"ဟုတ်ကဲ့...."

"ဒါဆိုကျွန်တော်ကိုခွင့်ပြုပါဦဗျာ"

"ကောင်းပါပြီဗျာ...."

ဆိုဖာခုံပေါ်တွင်ထိုင်နေကြသည့်လူနှစ်ယောက်သည်ပြိုင်တူထရပ်လိုက်ကြသည်။လက်ဆွဲနှုတ်ဆက်၍လည်းစကားများပြောနေကြသေး၏။အသားဖြူဖြူဒေါင်ကောင်းကောင်းနှင့်လူသည်တစ်ဖက်မှဧည့်သည်ဖြစ်ဟန်တူသည့်ခပ်ဝဝလူကြီးအားအိမ်ပေါက်ဝထိသို့လိုက်ပို့ပေးသည်။အပြန်အလှန်နှုတ်ဆက်လို့အပြီးတွင်ခပ်ဝဝနှင့်လူကြီးသည်ကားပေါ်တက်သို့တက်ကာခြံပြင်သို့မောင်းထွက်သွားလေသည်။ခြံတံခါးသည်အလိုလိုပိတ်သွားပြီးသည့်နောက်၊အိမ်ပေါက်ဝ၌ရပ်ကျန်ခဲ့သည့်လူမှအိမ်ထဲသို့ပြန်ဝင်သွားလေသည်။ယင်းနောက်တွင်လှေကားထစ်တို့အားနင်းဖြတ်၍အိမ်အပေါ်ထပ်သို့တက်ကာပျောက်ကွယ်သွားလေသည်။

***

"သား...ရှင်းရှင်း။ပါးပါးကဧည့်သည်နဲ့စကားပြောနေတယ်လို့ မားမား ပြောနေတယ်လေ။နားမလည်ဘူးလား။ ဒါကိုဘယ်လိုကြောင့်စိတ်ဆိုးနေရတာလဲ"

".............."

"ရှင်းရှင်း...မားမားပြောနေတယ်လေ..။ကြားလား။ရှင်းရှင်းအသက်က(9)..နှစ်ရှိနေပြီ...ကလေးလည်းမဟုတ်တော့ဘူးနော်...။မားမားကပြောပြရင်နားလည်ရမဲ့အရွယ်ရောက်နေပြီလေ။မားမားပြောတာကြားလား...ရှင်းရှင်း!!"

"ဟင့်...."

စကားပြောနေသည့်အမျိုးသမီးအားကျောပေးကာထိုင်နေသည့်ကလေးငယ်လေးသည်နောက်သို့တစ်ချက်လှည့်မကြည့်၊ဆူပုပ်နေသည့်မျက်နှာလေးသည်နုနယ်၍ချစ်စရာကောင်းနေသည်။အမျိုးသမီးသည်သက်ပြင်းချ၍၊နောက်ကျောပြင်သေးသေးလေးကိုသာစိုက်ကြည့်နေသည်။ကလေးငယ်လေးသည်ခေါင်းအားငုံ့နိုင်သမျှငုံ့ထားကာသူ၏လက်ချောင်းဖြူဖြူလေးတွေကိုသာကြည့်နေသည်။

မောင့်ရှင်သန်ရာ S3Where stories live. Discover now