...
...
...
(unicode )
"ညစ်ပတ်အိုးလေး"
"ဟင်"
ကြားလိုက်ရသည့် နာမ်စားတစ်ခု၌ သူ့နားပင် သူမယုံနိုင်ဖြစ်သွားသည်။ချက်ခြင်းဆိုသလို သူမော့ကြည့်လိုက်မိသည်။သူ့အား ညစ်ပတ်အိုးလေးဟု ခေါ်သူမှာ ဤကမ္ဘာပေါ်တွင် ထိုလူ တစ်ဦးသာ ရှိလေသည်။ဒါကို ဘယ်လိုကြောင့် သည်နာမ်စားက ကိုနွယ်နောင်းဆီမှ ထွက်ပေါ်လာရသနည်း။သူ ဘော့စ်အား လှည့်ကြည့်လိုက်သည်။ခေါင်းညိမ့််ပြလာသည့် ဘော့စ်ကြောင့် သူ့ခြေ တစ်လှမ်းပင် နောက်သို့ အနည်းငယ် ဆုတ်သွားရသည်။ သူသည် အခန်းအလယ်၌ မှီခိုစရာ အကာအကွယ်အောက်မှ ခနသာ လွှတ်ထွက်သွားရသကဲ့သို့ လုပ်မိလုပ်ရာဖြင့် အနောက်ရှိ ပန်းအိုးမှ ပန်းပင်အား လိုက်စမ်းနေမိသည်။မျက်ရည်များသည် ပါးပြင်ပေါ်သို့ စောစောကထက် များပြားစွာ ခုန်ဆင်းကျလာကြသည်။သူ ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်သည်။
"ဒါ..ဒါ..ဒါဆို...ကိုနွယ်နောင်းက"
"ခုချိန်ထိ အရင်လို အငိုသန်နေတုန်းပဲလား"
"အဟာ့...တစ်ကယ်ကို...တစ်ကယ်ကို ...အီး"
သူ့မေးခွန်းနှင့်ဆန့်ကျင်စွာ ထွက်လာသည့် ကိုနွယ်နောင်းစကားကြောင့် သူ"အီး"ကနဲ ငိုချလိုက်မိသည်။မှုံဝါးဝါးသာ မြင်ရသည့် ကိုနွယ်နောင်းအား အားဖြင့် ပြေးဖတ်လိုက်သည်။ကိုနွယ်နောင်းသည် နောက်ပြန် လှန်မလို ဖြစ်သွားခဲ့ရသည်။
"အဟွန့်...အရင်တိုင်း မပြောင်းမလဲ အငိုသန်နေတုန်းပါပဲလား။အဲ့သည်ညက အကို့နောက်ကို မင်းငိုကြီးချက်မနဲ့ လိုက်လာတာကို အကို သိတယ်။ ဒါပေမဲ့ အကို့စိတ်ထဲ လူနာက ပိုအရေးကြီးတယ်လို့ တွေးနေမိတော့ မင်းလိုက်လာမှန်းသိရက်နဲ့ မင်းကို ပြန်လှည့်မကြည့်နိုင်ခဲ့ဘူး။မင်းနဲ့ ဆေးရုံမှာ မျက်နှာချင်းဆိုင် တွေ့ခဲ့ပေမဲ့ အဲ့ဒီအချိန်တုန်းက မင်းမျက်နှာတစ်ခုလုံးက ပေတူးနေတော့ အကိုက မင်းနဲ့ အခုလို ပြန်ဆုံချိန်မှာ မင်းမှန်း မမှတ်မိ ခဲ့ဘူး။ အဲ့သည်တုန်းက ပေသလူးလေးက ခုလို ခန့်ခန့်ညားညားကြီးနဲ့ ချောလာလိမ့်မယ်လို့ အကိုက ဘယ်ထင်မှာတုန်း။ တောင်းပန်ပါတယ်။ မမှတ်မိ ပေးခဲ့လို့ အများကြီးတောင်းပန်ပါတယ်။နောက်ပြီး အကိုကြောင့် မင်းက မင်းဘဝရဲ့ အရေးကြီးဆုံးလူကို ဆုံးရှုံးခဲ့ရတယ်။အကိုသာ အဲ့သည်လို မလုပ်ခဲ့မိရင်........။သည်အတွက်ကို အကိုက အနူးအညွှတ် တောင်းပန်ပါတယ် မိုးထိလွှာ"