Unicode
ခမ်းနားလှတဲ့အိမ်ကြီးထဲမှာ ကလေးငယ်တစ်ယောက်ရဲ့ငိုသံတွေက ကြားရတဲ့သူတိုင်းရဲ့ ရင်မှာဝမ်းနည်းမှုကိုဖြစ်ပေါ်စေတာ အမှန်ပင်
"မေကြီး ဖေကြီးထပါအုံး အိပ်မနေကြပါနဲ့ သမီးကြောက်လို့ပါ ထပါအုံး အီဟီးဟီး"
"သဲငယ်လေးရယ် မငိုပါနဲ့နော် ကြီးကြီးတို့ရှိပါသေးတယ်ကွယ် သဲငယ်လေးနားကနေခွဲမသွားပါဘူးကွယ် တိတ်ပါတော့ကွယ်"
သဲငယ်လေးဆိုတဲ့အသက်10နှစ်သာရှိသေးသည့်ခလေးမလေး မိဘနှစ်ပါးစလုံးကားတိုက်မှုကြောင့် ကွယ်လွန်သွားခဲ့သည်။
ဆွေမျိုးဆိုလို့ သူ့မှာမရှိ ကလေးထိန်းကြီးတင်မြသည်သာ ယခုအချိန်မှာသူမရဲ့ အာအားထားရာပင်
ဒီနေ့ရက်လည်တဲ့နေ့ တရားနာအပြီး ဒေါက်ဖိနပ်တစ်စုံရဲ့ အသံကအိမ်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ် ဖိနပ်သံရဲ့ပိုင်ရှင်ကတော့ မေမုန်းမာန် သူ့နောက်မှာဘော်ဒီဂတ်နှစ်ယောက်။ တင်းမာသောမျက်နှာထား နာကျဉ်းနေတဲ့မျက်ဝန်းအစုံနဲ့သူမ"မင်းကဦးအာကာစိုးရဲ့သမီးလေးထင်တယ် မုန်းစရာကောင်းလိုက်တာ"
"ကလေးမကဘယ်သူလဲ သဲငယ်လေးရဲ့မိဘတွေနဲ့သိတာလား" ကြီးတင်အမေးကြောင့်သူမပြုံးလိုက်တယ် ထိုအပြုံးကကျေနပ်သောအပြုံးမျိုးတော့မဟုတ်တာအသေအချာပင်
"သိတာပေါ့ သိပ်ကိုရင်းနှီးတာပေါ့ မေမုန်းမာန်ရဲ့ဘဝမှာ မေ့မရတဲ့သူတွေလို့ ပြောရမှာပေါ့ ဒါနဲ့ကြီးတင်မလား သဲငယ်ရဲ့ကလေးထိန်း ဒီနေ့ကစပြီးသဲငယ်က မေမုန်းမာန်ရဲ့ အုပ်ထိန်းခွင့်အောက်မှာဖြစ်သွားပြီ"
"မင်းဘယ်သူမှန်းသေချာမသိဘဲနဲ့မင်းလက်ထဲကိုသဲငယ်လေးကိုထည့်မပေးနိုင်ဘူး" ကြီးတင်ပြောလိုက်တဲ့အချိန်မှာ မေမုန်းမာန်က သူ့ဘော်ဒီဂတ်ကိုစာရွက်တစ်ခုလှမ်းတောင်းပြီး ကြီးတင်ကိုပေးလိုက်သည်
"ဒီစာရွက်စာတမ်းတွေကို သေချာကြည့်ကြည့်ပါကြီးတင် ဦးအာကာစိုးရဲ့လက်မှတ်နဲ့ သူ့သမီးကိုအုပ်ထိန်းခွင့် ဒီလောက်ဆိုရင်ရပီလား"
"ငယ်မသွားချင်းဘူး ကြီးတင်ငယ့်ကို့အဲ့ဒီမမဆီမထည့်လိုက်ပါနဲ့နော် သဲငယ်ငယ် လိမ္မာပါ့မယ် မဆိုးတော့ပါဘူးနော် ကြီးတင် ဟီး ဟီး " ကြီးတင်လည်းဘာမှမပြောသာတော့ သူ့မှာက စာရွက်စာတမ်းနဲ့ပင်
![](https://img.wattpad.com/cover/357384724-288-k488023.jpg)
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Non-Fiction"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" "ဟုတ်ကဲ့ သဲငယ်သိပါတယ် မမမုန်း သဲငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူး ဟို သဲငယ်ကျောင်းတက်ဖို့ပြင်ရအုံးမှာမို့လို့ ခွင့်ပြုပါအု...