Unicode
သဲငယ်အခန်းရှေ့အရောက်မှာ မေမုန်းမာန်ခြေလှမ်းတွေ ရပ်တန့်သွားသည် တံခါးခေါက်သင့်လား မခေါက်သင့်ဘူးလား စဉ်စားရင်းနဲ့
"ဒေါက် ဒေါက်" တံခါးနှစ်ခါခေါက်အပြီး သဲငယ်ထွက်လာသည်
"မမမုန်း"
"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ"
"ဟုတ်ကဲ့ သဲငယ်သိပါတယ် မမမုန်း သဲငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူး ဟို သဲငယ်ကျောင်းတက်ဖို့ပြင်ရအုံးမှာမို့လို့ ခွင့်ပြုပါအုံးမမမုန်း"
ဝဲတတ်လာတဲ့ မျက်ရည်တွေ စီးကျမလာခင် အမြန်တံခါးပိတ်လိုက်တော့သည် တံခါးပိတ်လိုက်ပြီး ခနမှာ မျက်ရည်တွေနဲ့ အတူ ခံစားချက်တွေပါ ကျဆင်းလာခဲ့တယ်
"မမမုန်းရယ် မနေ့ညကျ မမမုန်းကအရက်မူးနေပေမယ် သဲငယ်က မမမုန်းရဲ့ အနမ်းတွေအောက်မှာ မူးရစ်ခဲ့တာပါ မမမုန်းဘက်က ဘာခံစားချက်မှ မရှိပေမဲ့ ငယ်ဘက်က ခံစားချက်က ပိုသေချာသွားခဲ့တယ်"
" ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမှာ အမြဲနေချင်တဲ့ မျှော်လင့်ချက်လေးတော့ ထားခွင့်ပြုပါနော်"
...................................................................
"သဲငယ် နေမကောင်ဘူးလား" ကိုနောင်က စိုးရိမ်တကြီးနဲ့ သဲငယ်နဖူးကို လားစမ်းကြည့်သည်
"သဲငယ် နေကောင်းပါတယ် ကိုနောင်" သဲငယ် ခေါင်းနောက်ကို ဆုတ်လိုက်တာကြောင့် ကိုနောင်လက် ပြန်ရုတ်သွားသည်
"ကိုက သဲငယ်မျက်နှာမကောင်းလို့မေးကြည့်တာပါ သဲငယ်ကို ကိုကအမြဲ ပျော်နေတာမြင်ချင်တာ ကို့အတွက် သဲငယ်ကအရေးပါဆုံးပဲဆိုတာ သိလား ကို သဲငယ်ကို"
"မော်ကလည်း ဘာလို့မလာသေးတာလဲ မသိဘူး နှစ်ယောက်လုံးအတန်းနောက်ကျရင် စာလိုက်မမှီမှာစိုးလို့ သွားခွင့်ပြုပါအုံးကိုနောင်"
သဲငယ်ကအနေအေးပေမဲ့ ကိုနောင်ဘာကို ပြောချင်လဲဆိုတာ မသိတဲ့အထိတော့ မအပါဘူး ဒါကြောင့်လဲ ရှောင်ထွက်လာခဲ့တာပင် ဒီစကားတွေသာ မမမုန်းပြောတာဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Fantasy"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
